Thursday, September 19, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နန်နင်းမြို့သို့ ရောက်ရှိ





Image may contain: 13 people, people smiling, people standing
နန်နင်း စက်တင်ဘာ ၁၈




ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ နန်နင်းမြို့သို့ ထွက်ခွာသည်။
ပို့ဆောင်နှုတ်ဆက်
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ Mrs. Li Xiaoyan နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
တာဝန်ရှိသူများလိုက်ပါ
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များ အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ရောက်ရှိကြရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Mr. Huang Shiyong ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများက နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ခေတ္တ တည်းခိုမည့် လိယွမ် အစိုးရဧည့်ဂေဟာသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
သတင်းစဉ်

No comments:

Post a Comment