မြန်မာ့အလင်းအယ်ဒီတာအာဘော်
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြန်မာစာနယ်ဇင်းလောကတွင် ကြီးမား
သည့်အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ(နှစ်ပေါင်းရာနှင့်ချီ၍
ဟူ၍ပင် ပြော၍ရသည်) ခဲစာလုံးဖြင့် စာစီ၊ စာပုံနှိပ်ခဲ့သည့်
စာနယ်ဇင်းလောကထဲသို့ ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းများ စတင် ဝင်ရောက်
လာခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိကပိုင် စာပေတိုက်၊ မဂ္ဂဇင်းတိုက်များ တွင်ရော
ထိုခေတ် ထိုအခါက အစိုးရသတင်းစာတိုက်နှင့် စာပုံနှိပ်တိုက်များ တွင်ပါ
ကွန်ပျူတာစာစီစာရိုက်စနစ်သို့ ကူးပြောင်းခဲ့ကြရာ နှစ်ပေါင်း များစွာ
ခဲစာလုံး စာစီ၊ စာပုံနှိပ်လုပ်ငန်းဖြင့် အသားကျနေခဲ့ကြသူ၊
ကျွမ်းကျင်ခဲ့ကြသူ စာစီ၊ စာဖောင်လုပ်သားများ၊ ပုံနှိပ်လုပ်သားများကို
အကြီးအကျယ်ရိုက်ခတ်ခဲ့သည်။
ခဲစာလုံးစာစီခုံများ၊ စာပုံနှိပ်စက်များ၏နေရာတွင် လေအေးစက်တပ် အခန်းနှင့် ကွန်ပျူတာတို့ ရောက်လာသည်။ ကွန်ပျူတာစာစီအတတ်ပညာကို မဖြစ်မနေသင်ယူရန် လိုအပ်သည်ဟု ရှုမြင်သူတို့က တတ်မြောက်ကျွမ်းကျင် အောင် သင်ယူကာ ခေတ်အပြောင်းအလဲကို လိုက်ပါကြသည်။ အချို့က လက်သမားဆရာ၊ ဆိုက်ကားဆရာ၊ ဈေးသည်များဘ၀ကို ခံယူသွားကြ သလို အချို့ကလည်း ဆင်ခြေဖုံးမြို့စွန်မြို့ဖျားရှိ ဖိတ်စာကဲ့သို့သော ပုံနှိပ် လုပ်ငန်းငယ်လေးများဆီသို့ လိုက်ပါသွားကြကာ ခက်ခဲစွာအသက်မွေးကြ သည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ မိမိတို့ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်လာခဲ့သည့် ခဲစာစီစာပုံနှိပ်အတတ်ပညာကို မစွန့်လွှတ်လိုခြင်းနှင့် နည်းပညာအသစ်ကို လက်မခံလိုခြင်းတို့ကြောင့် ဖြစ်သည်။ အမှန်တကယ် အားဖြင့် ကွန်ပျူတာစာစီစာရိုက် လေ့ကျင့်သင်ယူရခြင်းက ခဲစာလုံး စာစီသင်ယူစဉ်ကလောက်ပင် ခက်ခဲပင်ပန်းမှုမရှိသည်ကို ကိုယ်တွေ့မဟုတ် သေး၍ မသိရသေးခြင်းကြောင့်လည်း ဖြစ်သည်။
ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းများ၏ အစောပိုင်းတွင် အက်ပဲလ် ကွန်ပျူတာများနှင့် အင်း၀စာလုံးများ၊ အိုင်ဘီအမ်ကွန်ပျူတာများနှင့် ဝင်းစာလုံးများ စသည်ဖြင့် သုံးစွဲခဲ့ကြသော်လည်း နောက်ပိုင်းတွင် အက်ပဲလ်ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းနှင့် အိုင်ဘီ အမ်စနစ်သုံးကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကွာခြားချက်ကြီးမားလာသောအခါ အက်ပဲလ်ကိုစွန့်ကြပြီး အိုင်ဘီအမ် များဆီသို့ ကူးပြောင်းကြကာ မြန်မာလက်နှိပ်စက်လက်ကွက်များကို အခြေခံသည့် မြန်မာစာလုံးဖောင့်များကို တစ်နိုင်ငံလုံးက အသုံးများလာ ကြသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ပုံနှိပ်လုပ်ငန်းများ၊ ကွန်ပျူတာ စာစီစာရိုက်လုပ်ငန်းများအားလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြ သည့် ထိုစဉ်က ကွန်ပျူတာသုံး မြန်မာစာစနစ်တို့သည် ''သစ်မရှိခင် စပ်ကြား ဝါးပေါင်းကွပ်''ထားခြင်းမျှသာ ဖြစ်ကြောင်းနှင့် တစ်ချိန်ချိန်တွင် တစ်နိုင်ငံလုံး တစ်ပြေးညီသုံးစွဲသည့် မြန်မာစာ စံစနစ်တစ်ရပ် မဖြစ်မနေ လိုအပ်ကြောင်း ကျွမ်းကျင်သူများနှင့် ပညာရှင်များက ထိုစဉ်ကပင် သိရှိ မျှော်မှန်းခဲ့သော်လည်း အခြေအနေမပေးခဲ့။ စံစနစ်နှင့် မကိုက်ညီသော ကွန်ပျူတာသုံးစာများကို စွန့်လွှတ်ကာ ယူနီကုဒ်စံစနစ်ဆီသို့ ကူးပြောင်း သွားခဲ့သော နောက်ဆုံးနိုင်ငံသည်ပင်လျှင် မိမိတို့ထက် ၁၀ နှစ်နီးနီး စောခဲ့သည်။
မည်သို့ပင်ဆိုစေ ယူနီကုဒ် မြန်မာစာစံစနစ်သို့ လာမည့်အောက်တိုဘာ ၁ ရက်မှ စတင်၍ မိမိတို့ ပြောင်းလဲသုံးစွဲကြတော့မည်။ လွယ်လွယ်ကူကူ ပြောင်းလဲနိုင်သူက မြန်မြန်ဆန်ဆန်ပြောင်းလဲရန်ဖြစ်ပြီး ပြောင်းလဲရန် ခက်ခဲသူက တဖြည်းဖြည်းပြောင်းလဲယူရန် ကြိုးပမ်းကြရုံသာဖြစ်သည်။ အပြောင်းအလဲ၏အစတွင် အခက်အခဲများ၊ မပြည့်စုံသည်များရှိနေဦး မည်ဖြစ်သော်လည်း ပြုပြင်ဖြည့်ဆည်းပြောင်းလဲသွားကြရမည်။ မချော မွေ့သေးသည်များကို ချောမွေ့အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်။ တစ်ဖက်တွင်လည်း တစ်ပြေးညီ စံစနစ်ကြောင့် ရရှိလာမည့် အကျိုးကျေးဇူး များက များစွာရှိနေသည်။ အချက်အလက်သိမ်းဆည်းမှုများ၊ ပြန်လည် ထုတ်ယူမှုများ၊ ဖြန့်ဝေမှုများ၊ ဘာသာပြန်လုပ်ငန်းများ၊ အသံကို စာအဖြစ် မှတ်တမ်းတင်မှုများ စသည်ဖြင့် အကျိုးရလဒ်၏နယ်ပယ်က ကျယ်ဝန်း လှသည်။
အပြောင်းအလဲဟူသည် တိုးတက်မှုဆီသို့ ရှေးရှုခြင်းဖြစ်သည်။ ကောင်းသောအမြင်ဖြင့် ရှုမြင်ကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများကို မြန်မြန်ဆန်ဆန်ရရှိနိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment