ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂၀၁၉ စခန်းသိမ်းပွဲကျင်းပ

နေပြည်တော် ဇွန် ၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော "ဖြောင့်မတ် တည်ကြည်မှု" လူငယ်စခန်း၂၀၁၉ (Youth Integrity Camp 2019) စခန်းသိမ်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ခန်းမ၌ကျင်းပသည်။
ကျင့်ဝတ် (၈)ချက်အား တင်ပြ
အခမ်းအနားတွင် စခန်းဝင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအား ကျင့်ဝတ်လိုက်နာသူ အဖြစ် အသိအမှတ်ပြုလက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌက လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ကော်မရှင် အတွင်းရေးမှူးကလည်းကောင်း တက္ကသိုလ်/ကောလိပ် များမှ ကိုယ်စားလှယ်တစ်ဦးစီအား ပေးအပ်ခဲ့သည်။ စခန်းဝင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ကိုယ်စား တောင်ငူပညာရေးကောလိပ်မှ မမြတ်ဖူးငုံစိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စခန်းတွင် ဆွေးနွေး ပို့ချချက်များမှ သင်တန်းသားများက ထုတ်ဖော်ခဲ့သည့် လူငယ်ထုလိုက်နာရမည့် ကျင့်ဝတ် (၈)ချက်အား တင်ပြ သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး Head of Development Cooperation, Mr. Anders Frankenberg က အဂတိလိုက်စားမှုကင်းစင်ရေးအတွက် နိုင်ငံတော်အဆင့်က ပြုပြင်ပြောင်း လဲမှုလုပ်ရာတွင် လူငယ်များသည် အရေးပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်ထုပါဝင်မှုအတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ဆွီဒင်နိုင်ငံသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးကြောင်း၊ နိုင်ငံတကာသို့လည်း အကူအညီပေးကြောင်း၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်ကြောင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပညာရေး၊ ကျန်းမာရေး ချွတ်ယွင်းခြင်း၊ လူနေမှုဘဝ ဆင်းရဲခြင်းတို့ ဖြစ်ပေါ်စေ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းထားသည်ကို ကြိုဆိုပါကြောင်း၊ လူငယ်များ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဆန်းသစ်သောဖန်တီးမှု အတွေးအမြင်များကို ပြခန်းများ၌ တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ကျင့်ဝတ်တစ်ခုအနေဖြင့် လိုက်နာကျင့်သုံးသင့်
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် ဖြောင့်မတ်တည်ကြည်မှုဆိုသည်မှာ မိမိ၏ တွေးတောကြံစည်မှု၊ နှုတ်မှဖွင့်ဟပြောဆိုမှု၊ လက်တွေ့ ပြုမူဆောင်ရွက်မှုတို့သည် လမ်းကြောင်းတစ်ဖြောင့် တည်းဖြစ်နေခြင်းကို ဆိုလိုပါကြောင်း၊ ထိုအချက်သုံးချက် ကို ရည်ရွယ်ချက်ရှိရှိ လွဲချော်စေခဲ့လျှင် ကောက်ကျစ် စဉ်းလဲမှုဖြစ်သွားနိုင်ပါကြောင်း၊ လူတိုင်းသည် "ဖြောင့်မတ် တည်ကြည်မှု"ကို ကျင့်ဝတ်တစ်ခုအနေဖြင့် လိုက်နာ ကျင့်သုံးသင့်သည်သာမက မိမိတို့၏ လူနေမှုဘဝပုံစံ ဖြစ်လာစေရန်အတွက်လည်း ကြိုးပမ်းတည်ဆောက် သွားသင့်ပါကြောင်း။
အဆိုးကျော့ သံသရာကို ရပ်တန့်
စခန်းကာလအတွင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ က လှူအဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်း သာယာမှုတို့သည် ဖြောင့်မတ်တည်ကြည်မှုနှင့် မည်သို့ သက်ဆိုင်နေသည်ကို စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေး ခဲ့ကြပြီးဖြစ်ပါကြောင်း၊ "ဖြောင့်မတ်တည်ကြည်မှု"သည် လှူအဖွဲ့အစည်းအတွင်း အဆိုးကျော့ သံသရာကို ရပ်တန့် စေနိုင်ပါကြောင်း၊ "ဖြောင့်မတ်တည်ကြည်မှု" သည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ကိုယ်စိတ် နှစ်ပါးအေးချမ်းမှုရရှိစေရန် လုပ်ပေးနိုင်ပါကြောင်း၊ စခန်း ကာလအတွင်း လေ့လာသင်ယူရသည့်အတိုင်း ဖွံ့ဖြိုး တိုးတက်ပြီး ငြိမ်းချမ်းသာယာနေသော နိုင်ငံတချို့ကို နမူနာယူ၍ မိမိတို့နိုင်ငံတွင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာစေရန် မျိုးဆက်သစ် တို့က အစွမ်းကုန် ကြိုးစားပေးကြစေလိုပါကြောင်း။
မမေ့မလျော့ လိုက်နာစောင့်ထိန်း
ကော်မရှင်အနေဖြင့် ဤဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂၀၁၉ ကို အောင်မြင်စွာတက်ရောက်ခဲ့ကြ သည့် လူငယ်များက ဦးဆောင်လျက် "ဖြောင့်မတ် တည်ကြည်မှု"ဆိုင်ရာ ကျင့်ဝတ်များကို မိမိတို့လူငယ်ထု အတွင်း ကျယ်ပြန့်စွာ မျှဝေဆွေးနွေးရန်နှင့် လိုက်နာ ကျင့်သုံးရန် တိုက်တွန်းပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းကို ခေါင်းဆောင်မည့်သူတိုင်းသည် သင်ခန်းစာတွင် ဆွေးနွေးခဲ့ကြသည့်အတိုင်း ပြည့်စုံရမည့် အရည်အချင်းငါးရပ်ဖြစ်သော (၁) နိုင်ငံရေး ကင်းရှင်းမှု၊ (၂)ဘက်လိုက်ခြင်းကင်းမှု၊ (၃)ကြားနေစိတ်ထားရှိမှု၊ (၄) ဖြောင့်မတ်တည်ကြည်မှု၊ (၅)ကိုယ်စိတ်ကျွမ်းကျင် ပြည့်ဝမှုတို့ကိုလည်း မမေ့မလျော့ လိုက်နာစောင့်ထိန်း သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စခန်းအား ပိတ်သိမ်းခဲ့ပြီး ညနေ ပိုင်းတွင် စခန်းဝင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ များအား သက်ဆိုင်ရာတက္ကသိုလ်/ကောလိပ်များသို့ ကော်မရှင်ရုံးမှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment