အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူလူထုကြားနာပွဲ ကျင်းပ
တောင်ကြီး ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှမ်းပြည်နယ်လွှတ်တော်ဥပဒေ ပြုရေးဆိုင်ရာကော်မတီမှ ကျင်းပသည့် အင်းလေးကန် ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက် ၍ ပြည်သူလူထုကြားနာပွဲကို ဇွန် ၅ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်း လုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင် မြတ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ဟိုပုံးမြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ အင်းလေး ကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌက စတင်ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အင်းလေးကန်တောရိုင်းတိရ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး၊ ညောင်ရွှေမြို့နယ် စည်ပင် သာယာရေးကော်မတီတို့က ပါဝင်ဆွေးနွေးတင်ပြခဲ့ကြ သည်။ တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ပထမနေ့ အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒုတိယနေ့ အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ ပြည်သူလူထုကြားနာပွဲကို ဇွန် ၆ ရက် နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စိုင်းသန်းကျော်(တောင်ကြီး

No comments:
Post a Comment