Saturday, June 15, 2019

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှရရှိသော ဘဏ္ဍာငွေ အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှရရှိသော ဘဏ္ဍာငွေကို ပိုမိုအကျိုးရှိ ထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
များစွာအထောက်အကူပြု
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၂၀၂၀-၂၁) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်မန်နေဂျာများသည် ဖြစ်ပေါ်လျက်ရှိ သော ကျန်းမာရေးနှင့် နှီးနွှယ်နေသော အခြေအနေများကို နောက်ခံထားကာ လက်တွေ့ကျကျ လုပ်ကိုင်နိုင်မည့် လုပ်ငန်းများကိုသာ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ က္ဘာ့ ကျန်းမာ ရေးအဖွဲ့မှရရှိသည့် ရန်ပုံငွေမှာ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပိုမို အဆင့်မြှင့်တင်ရေးဆောင်ရွက်ရာ၌ များစွာ အထောက် အကူပြုပါကြောင်း။
ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် "ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန် အဟုန်မြှင့် တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ"မှ သုံးသပ်ဆွေးနွေး အကြံပြုချက်များကို အခြေခံ၍ (၂၀၂၀-၂၁) ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများတွင် ထည့်သွင်း ရေးဆွဲကာ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံချက် လုပ်ငန်း များရေး ဆွဲရာ၌ လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုဆိုင်ရာ လက်တွေ့ကျပြီး သော့ချက်ကျသည့် အညွှန်းကိန်း အချက်များနှင့် စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါကြောင်း။
ကျန်းမာရေးစီမံချက်များအနေဖြင့် ကောင်းမွန်တိကျ သည့် စာရင်းဇယားနှင့် သတင်းအချက်စနစ်ကိုလည်း ဖော်ဆောင်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ပထမဆုံးအနေဖြင့် World Health Survey နှင့် Mental Health Survey ကို ပေါင်းစပ်၍ မကြာမီ ကောက်ယူတော့မည်ဖြစ်ရာ အခြေခံကျန်းမာရေးဆိုင်ရာ အချက်အလက်များ တိကျစွာရရှိနိုင်၍ ပိုမိုမှန်ကန်တိကျ သည့် မဟာဗျူဟာများနှင့် စီမံချက်များ ချမှတ်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Administrative Officer Mr. Maarten က Overview of planning and implementation of 13th General Programme of Work (GPW 13) in SEA Region ခေါင်းစဉ်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ (၂၀၂၀-၂၁) ဘဏ္ဍာနှစ်များတွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံများအတွက် လျာထားရန်ပုံငွေ၊ ဦးစားပေးလုပ်ငန်းများနှင့် ရန်ပုံငွေ အဆိုပြု တင်ပြရမည့် အချိန်ဇယားကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ òန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန် က ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မရှိ မဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်း မီရရှိရေးစီမံချက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
တက်ရောက်
ယင်းနောက် အစည်းအဝေးတွင် တက်ရောက်လာ ကြသူများက ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များ၊ ညွှန်န်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်န်ကြားရေး မှူးများ၊ ဒုတိယညွှန်န်ကြားရေးမှူးများ၊ ကျန်းမာရေးစီမံကိန်း မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment