အလုပ်အကိုင်အခွင့်အလမ်း ၃၀ဝ ကျော် ဖန်တီးပေးနိုင်မည့်လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

ရန်ကုန် ဇွန် ၁၄
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ကြ သည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း လေးခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၀၈ သန်းနှင့် ငွေကျပ်$ ၁၄၅၁၉ ဒသမ ၆၈ သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၁၆ နေရာ ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment