
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း သည် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace- USIP) \ Bio Data of Election Security Assessment Team Leader , Ms. Lyndal Barry နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေးကော်မတီနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ များ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲ နှင့် စပ်လျဉ်းသည့် သတင်းအမှားများ၊ အမုန်းစကားများ ဖြန့်ဝေခြင်းတို့ကို တားဆီးနိုင်ရေး စီစဉ်ထားရှိမှု၊ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အ¸ဝင်များနှင့် ကော်မရှင် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်
တွေ့ဆုံပွဲသို့ ကော်မရှင်အ¸ဝင်များနှင့် ကော်မရှင် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်
No comments:
Post a Comment