ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် Marga Group မှ ကျင်းပသော The Central The Centra ၏လူနေအိမ်ခန်း တာဝါအမှတ် (၁) အပေါ်ဆုံးထပ် ကွန်ကရစ်ခင်းပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဇွန် ၁၀
Marga Group မှ ကျင်းပသော The Central ၏ လူနေအိမ်ခန်းတာဝါ အမှတ်(၁) အပေါ်ဆုံးထပ် ကွန်ကရစ်ခင်းပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် က္ဘာအေးဘုရားလမ်းရှိ အမှတ် (၇) ၊ (၈) The Centra အရောင်းပြခန်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့အသီးသီးမှ ကိုယ်စား လှယ်များ၊ Marga Central မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစီအစဉ်အရ Marga Central မှ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေး ဝန်ကြီးဌာနအား ကိုယ်စားပြု၍ Dr. Stephen Suen နှင့်အဖွဲ့သားများ အားထုတ်ကြိုးပမ်းမှုဖြင့် ယနေ့မှတ် တိုင်သစ် စိုက်ထူနိုင်ခြင်းကို အထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုပါကြောင်း၊ Marga Group အနေဖြင့် မြန်မာ နိုင်ငံကို စတင်လာရောက်လုပ်ကိုင်ခဲ့သည့် ကနဦး ကာလ တွင် အခက်အခဲပေါင်းများစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရသော် လည်း စိတ်အားထက်သန်စွာ ကြိုးစားဆောင်ရွက်ခဲ့မှု၏ ရလဒ်ကောင်းကျိုးများ ပေါ်ထွက်လာပြီဖြစ်ပါကြောင်း။
The Central ဟု အမည်ပေးထားသည့် Project မှာ ဆောက်လုပ်ရေးကဏ္ဍတွင် Construction Industry ကိုတိုးတက်စေရန် အထောက်အကူပြုမည် ဖြစ်သည့်အပြင် ရန်ကုန်မြို့၏ Land Mark တစ်ခုလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း။
ယနေ့အခမ်းအနားမှာ The Central Project ၏ ပထမဆုံး Residential Tower အဆောက်အအုံ၏ အပေါ်ဆုံးထပ် ကွန်ကရစ်ခင်း Topping လောင်းခြင်း လုပ်ငန်းပြီးစီးမှုအထိမ်းအမှတ် အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာဆောက်လုပ်ရေးလုပ်သားများအတွက် နိုင်ငံတကာ အဆင့်အတန်းမီအောင် လေ့ကျင့်ဆောင်ရွက်နိုင်ခွင့် အခွင့် အလမ်းကောင်းများလည်း ရရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ အပြင် Marga Group အနေဖြင့် ရင်းနှီးမြှုပ်နှံသူ များအား တာဝန်ခံပြီး စီးပွားရေးရာ အောင်မြင်မှု ရရှိရေးသာမက မြန်မာနိုင်ငံ အတွက် အကျိုးဖြစ်ထွန်းမှု သုံးရပ်ကိုပါ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ထားပါ ကြောင်း။
ထိုစီမံကိန်းမှ အလုပ်အကိုင် ၁၀ဝ၀ ကျော်ဖန်တီး ပေးနိုင်မည်ဖြစ်သလို Marga Group အနေဖြင့် အမြတ် အစွန်းရငွေ၏ နှစ်ရာခိုင်နှုန်းကို Corporate Social Responsibility (CSR) အနေဖြင့် ဒေသခံပြည်သူ များအတွက် လှူဒါန်းသုံးစွဲပေးသွားရန် ကတိပြုထားခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းသဘောတူစာချုပ်တွင် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ၊ စည်းကမ်း ချက်များအတိုင်း လိုက်နာပြီး ပြီးစီးအောင် ဆောင်ရွက် သွားမည်ဆိုသည့်အချက် ဖြစ်ပါကြောင်း။
ရှေ့အနာဂတ်ခရီးမှာ တာရှည်ခိုင်မြဲစွာ လက်တွဲ ပူးပေါင်းပြီး စီမံကိန်းလုပ်ငန်းများ ချောချောမွေ့မွေ့ ပြီးမြောက်စေရေး ဆောင်ရွက်သွားနိုင်ရန် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ချက်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး နည်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးအတွက် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ CQHP မှ ဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ MIC မှ အတွင်းရေးမှူး ဦးသန့်စင်လွင် ၊ YCDC မှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ Marga Group ဥက္ကဋ္ဌ Dr. Stephen Suen နှင့် တာဝန် ရှိသူများက The Central ၏ လူနေအိမ်ခန်း တာဝါအမှတ် (၁) အပေါ်ဆုံး ထပ် ကွန်ကရစ်ခင်း ပြီးစီးခြင်း အထိမ်းအမှတ်အတွက် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
The Central Mix – Used Development စီမံကိန်းသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ ဧရိယာ ၈ ဒသမ ၇ ဧက ကျယ်ဝန်းသောမြေပေါ်တွင် တည်ဆောက်ထားပြီး ပထမအဆင့်အနေဖြင့် လူနေအိမ်ခန်းတာဝါ အမှတ်(၁) အပေါ်ဆုံးထပ် ကွန်ကရစ်ခင်းပြီးစီး၍ ယနေ့အထိမ်း အမှတ် မှတ်တိုင်စိုက်ထူခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်း အမျိုးအစားအနေဖြင့် Real Estate Developmen ဖြစ်ပြီး Hotel၊ Offi ce ၊ Residence ၊ Shopping Complex တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment