ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့နိုင်ရေးကိစ္စနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁၀
နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်ရရှိပြီး ပင်လယ်ရေ ကြောင်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန် တန်ချိန် တစ်သိန်း တင်ပို့ရေးနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးအဖြေရှာ
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်ရရှိခဲ့သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တန်ချိန် တစ်သိန်းတင်ပို့ရေးကိစ္စနှင့်ပတ်သက်၍ တင်ပို့မည့်နည်းလမ်း များအား ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် ဝိုင်းဝန်း ဆွေးနွေးကြပါရန် ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နည်းလမ်း လေးမျိုးဖြင့် ဆန်တင်ပို့လျက်ရှိရာ ပထမ နည်းမှာ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ G to G စနစ်ဖြင့် တင်ပို့ခြင်း၊ ဒုတိယနည်းမှာ Sister City MoU အရ ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်ဖြင့် တင်ပို့ခြင်း၊ တတိယနည်းမှာ နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှတစ်ဆင့် တိရစ္ဆာန်အစာအဖြစ် ဆန်ကြမ်း၊ ဆန်ကွဲတို့အား ကုန်ကြမ်းအဖြစ်တင်ပို့ခြင်း၊ စတုတ္ထနည်းမှာ တရုတ်နိုင်ငံမှ သွင်းကုန်ကုမ္ပဏီများအတွက် တရုတ်နိုင်ငံ အစိုးရမှ သတ်မှတ်ပေးထားသော Quota ဖြင့် မြန်မာ ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူခြင်းစသည့် နည်းလမ်း များဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင် ၎င်းတို့သတ်မှတ်ထားသည့် Sanitary and Phytosanitary – SPS Protoco များကို လေ့လာ၍ စံချိန်စံòန်းဆိုင်ရာ အရည်အသွေးပြည့်မီစွာ စနစ်တကျ တင်ပို့သွားနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြု
နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုရရှိပြီးဖြစ်သည့် G to G စနစ်ဖြင့် တင်ပို့မည့် မြန်မာ့ဆန်တန်ချိန် တစ်သိန်း အား လာမည့်အောက်တိုဘာလအတွင်း အပြီးသတ် တင်ပို့သွားနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လာမည့် အောက်တို ဘာလအတွင်း လက်ရှိသတ်မှတ်ပေးထားသော ဆန် Quota ခွဲတမ်းအား ပြင်ဆင်သတ်မှတ်မှုများ ပြုလုပ်ရန် ရှိသည့်အတွက် ရရှိပြီး Quota ပမာဏအပေါ် အချိန်မီ တင်ပို့နိုင်ရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တာဝန်ရှိသူ များအနေဖြင့် ဆန်တင်ပို့နိုင်ရေးနှင့် ပတ်သက်၍ စနစ် တကျဖြစ်စေရန် ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုသွားရန် ပြောကြားခဲ့သည်။
ချမှတ်ကျင့်သုံးဆောင်ရွက်
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် Japan Patent Offi ce rS Director-General , Mr. Susumu Iwasaki အဖွဲ့နှင့် တွေ့ဆုံ၍ Óဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူ အား အသိပညာပေးရေးနှင့် ပေါင်းကူးဆက်သွယ်ရေး ဆိုင်ရာ မဟာဗျူဟာများ ချမှတ်ကျင့်သုံးဆောင်ရွက်သွား နိုင်ရေး၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များအား နည်းပညာ အသုံးပြု အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ IP Cyber Security ခိုင်မာစွာ ထားရှိဆောင်ရွက်သွားနိုင် ရေးနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် Japan f Patent Offi ce မှ ပံ့ပိုးကူညီပေးနိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment