UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၁၈ - ၂၀၂၂ ဆိုင်ရာ LoA လက်မှတ်ရေးထိုးပွဲ ကျင်းပ
နေပြည်တော် ဇွန် ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအ¸ (UNFPA) တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မည့် UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ နှင့်စပ်လျဉ်း သည့် Letter of Agreement (LoA) ကို မြန်မာနိုင်ငံ အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ် Mr. Ramanathan Balakrishnan တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ UNFPA နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် UNFPA တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ ကို သက်ဆိုင်ရာဌာန များမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲထား ခြင်းဖြစ်ပြီး UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း၊ အခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာ ကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
UNFPA သည် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် များကို ယခင်ကလည်းဆောင်ရွက်ခဲ့ရာ ပထမအကြိမ် ၂၀ဝ၂-၂၀ဝ၆ ကို အမေရိကန်ဒေါ်လာ ၁၆ သန်း၊ ဒုတိယ အကြိမ် ၂၀ဝ၇-၂၀၁၁ ကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်း၊ တတိယအကြိမ် ၂၀၁၂-၂၀၁၇ ကို အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅ သန်းတို့ဖြင့် မျိုးဆက်ပွားကျန်းမာ ရေး၊ ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာ နများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment