ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်နိုင်ငံသမ္မတ ဟတ်ဆန်ရိုဟာနီအား တွေ့ဆုံ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့သည် ဇွန် ၁၂ ရက်တွင် တီဟီရန်မြို့၌ တွေ့ဆုံခဲ့ ကြောင်း ယနေ့ အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရ သည်။
ခေါင်းဆောင်နှစ်ဦးက အီရန်နှင့် အမေရိကန် နှစ်နိုင်ငံ အကြား တင်းမာမှုများ လျော့ကျသွားစေရန် ဆွေးနွေး ညှိနှိုင်းကြမည်ဖြစ်သည်။
အီရန်နိုင်ငံသို့ ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့သော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သမ္မတ ရိုဟာနီတို့သည် ဆာဒါဘတ်သမ္မတနန်းတော်တွင် တွေ့ဆုံခဲ့ကြသည်။
၂၀၁၅ ခုနှစ် နျူကလီးယားလက်နက် ပြေငြိမ်းရေး စာချုပ်မှ မေလက အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် အီရန်နှင့် အမေရိကန် နှစ်နိုင်ငံအကြား တင်းမာမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် အာဘေးက အဆိုပါနှစ်နိုင်ငံအကြား ဆက်ဆံရေးကို နိုင်ငံတကာအသိုက်အဝန်းက အာရုံ စူးစိုက်မှုရှိကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုသည်။
အီရန်နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဖို့ ဆန္ဒရှိပါကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အီရန်နိုင်ငံသို့ မထွက်ခွာမီ မီဒီယာသို့ ပြောကြားခဲ့ သည်။
အေအက်ဖ်ပီ
No comments:
Post a Comment