Thursday, June 13, 2019


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေသံအမတ်ကြီး Ms. Tone Tinnes အား လက်ခံတွေ့ဆုံ
Image may contain: 7 people, people smiling, ocean, outdoor and water
နေပြည်တော် ဇွန် ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ် ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံဆွေးနွေး
တွေ့ဆုံစဉ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေရေးဆွဲဆောင်ရွက်မှု၊ ပဋိပက္ခ အတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ 
အတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ မြေမြှုပ်မိုင်းတားဆီးရေးစာချုပ်တွင် နော်ဝေနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုနှင့် Mine Action Centre နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်နိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပါဝင်တက်ရောက်နိုင်ရေး ၊ မိုင်းအ္တရာယ် အသိပညာပေး လုပ်ငန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှု၊ မြေမြှုပ်မိုင်း ကိစ္စများနှင့်ပတ်သက်၍ စက်တင်ဘာလအတွင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment