ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်သို့ တက်ရောက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၁၀
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။
ဆွေးနွေးဖြေကြားမှုများပြုလုပ်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာသံရုံး၊ မော်စကိုမြို့မှ သံအမတ်ကြီး ဦးကိုကိုရှိန်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ ကျင်းပသည့် (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီတွင်(၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေး ဖိုရမ်၏ ''Plenary Session” သို့ ပါဝင်တက် ရောက်ကြသည်။
Plenary Session တွင် ရုရှားသမ္မတ Mr. Vladimir Putin ၊ တရုတ်သမ္မတ Mr. Xi Jinping ၊ ဘူဂေးရီးယားသမ္မတ Mr. Rumen Radev ၊ အာမေးနီးယန်းဝန်ကြီးချုပ် yfMr. Nikol Pushinyan ၊ ဆလို ဗက်ကီးယားဝန်ကြီးချုပ် Mr. Peter Pellegrini နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonia Guterres တို့က မိန့်ခွန်းပြောကြားကြ သည်။ မိန့်ခွန်းပြောကြားပြီးနောက် အမေး၊ အဖြေ ဆွေးနွေးပွဲကို နှစ်နာရီကြာမျှ ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ညနေ ၄ နာရီတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံ သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ရုရှားစီးပွားရေးတိုးမြှင့်ရေးနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
အပြည့်အဝပူးပေါင်းဆောင်ရွက်မှုမရှိ
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရသစ်တာဝန်ယူပြီးချိန်မှစ၍ ရခိုင်အရေးကိစ္စကို ဖြေရှင်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်တို့ ကို ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု များသည် အစိုးရ၏ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် စည်ပင်ဖွံ့ဖြိုးရေးဆောင် ရွက်မှုများကို သွေဖည်စေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူဦးရေ အဆမတန်များပြားလှသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ် ချင်းဆက်စပ်လျက်ရှိရာ တရားမဝင်ရွှေ့ပြောင်းသွားလာမှုသည် ရှေးယခင် ကတည်းက ရှိခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နေရပ်စွန့်ခွာသူ များ ပြဿနာသည် ယခုမှ မဟုတ်ဘဲ ယခင်ကလည်း နှစ်ကြိမ် ရှိခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဆိုပါနှစ်ကြိမ်တွင် ပြဿနာကို နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုဖြင့် ကျေနပ်စွာ ဖြေရှင်းခဲ့ကြကြောင်း၊ ယခုပြဿနာတွင်လည်း လက်ရှိနှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံဘက်မှ အပြည့်အဝအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမရှိပါကြောင်း။
ကနဦးလေ့လာဆန်းစစ်ချက်စာတမ်းကို ထုတ်ပြန်ခဲ့
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံး နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်သွားရန် ဆန္ဒရှိပါကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စတွင် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ က ဆောင်ရွက်ထားရှိမှုများ၊ ပြင်ဆင်မှုများနှင့်ပတ်သက်၍ အာဆီယံ AHA Centre မှ စနစ်တကျ အချက်အလက်ကောက်ခံပြီး ကနဦးလေ့လာ ဆန်းစစ်ချက်စာတမ်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ဆန်းစစ်ချက်သည် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုများအပေါ် သက်သေခံနိုင်ပါကြောင်း၊ ယခု အချိန်အထိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီ ချက်ဖြင့် ပြန်လည်ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများ မရှိသေးပါကြောင်း ဆွေးနွေးပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov က ရခိုင်ကိစ္စဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံသဘောတူညီချက်ချုပ်ဆိုမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်ကိစ္စတွင် အာဆီယံ၏ ပူးပေါင်းဆောင် ရွက်နေမှုနှင့် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ၍ ဝမ်းမြောက်ပါကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတည်ထောင်မှုကို တန်ဖိုးထားပါကြောင်းဖြင့် ပြောကြားသည်။
တက်ရောက်
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်ကိစ္စကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှုရရှိ မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း နှစ်နိုင်ငံအကြား စီစဉ်ထားရှိမှုများ အောင်မြင်ရန် အတွက် ပံ့ပိုးပေးသင့်သည်ဟုလည်း ခံယူကြောင်းဖြင့် ပြောကြားပြီး နိုင်ငံတကာ မျက်နှာစာတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံအနေဖြင့် အလေးထားသည့်ကိစ္စရပ် များတွင် မြန်မာနိုင်ငံအပေါ် ရပ်တည်မဲပေးမှုများအတွက်လည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထိုသို့ တွေ့ဆုံစဉ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:
Post a Comment