အီတလီနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ

အီတလီနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ် အင်းလျားမြိုင်လမ်း အမှတ် (၃၃) ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်ဇနီးတို့ တက်ရောက်ကြသည်။
စတင်ဖွင့်လှစ်ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် အီတလီနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra Schiavo နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများ အား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment