မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မတီ ပဥမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁၂
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူး ပေါင်းဆောင် ရွက်ရေးပူးတွဲကော်မတီ ပဥမအကြိမ် အစည်းအဝေး Myanmar-China Joint Committee Meeting on Economics, Trade and Technical Cooperation) ကို ယနေ့နံနက် ၈ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းနှင့် သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်န်ကြား ရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Assistant Minister Mr. Li Chenggang နှင့် အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် Mr. Li Chenggang တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ထောင်ခြင်းဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေ(RMB) အသုံးပြုရန်ကိစ္စ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဦးစားပေး ဝယ်သူ့ချေးငွေနှင့် သက်သာသောချေးငွေတို့ကို အသုံးပြုရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် စပ်လျဉ်း ၍ အကျိုးရလဒ်များရရှိစေရန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ် ဖွံ့ဖြိုးမှုအစီအစဉ် ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာကိစ္စ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း၊ ရထား လမ်း၊ အမြန်လမ်း၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်း နှင့် အခြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ခြင်းနှင့် တည်နေရာသတ်မှတ်ခြင်းကိစ္စ၊ နှစ်နိုင်ငံအကြား အစားထိုးသီးနှံစိုက်ပျိုးမှုတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
လက်မှတ်ရေးထိုး
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူ အညီဖြင့် ပုဂံဒေသရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူ ညီချက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း အကောင်အထည်ဖော်ရေး သဘောတူညီချက်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် အမျိုးသားအားကစားရုံ ပြင်ဆင်မွမ်းမံသည့်လုပ်ငန်းစီမံ ကိန်း အကောင်အထည်ဖော်ရေး နောက်ဆက်တွဲ သဘော တူညီချက်များကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် ပဥမအကြိမ် မြောက်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ၂၀ဝ၅ ခုနှစ် တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀ဝ၈ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တတိယ အကြိမ်အဖြစ် မြန်မာနိုင်ငံ၌လည်းကောင်း၊ ၂၀၁၇ ခုနှစ် တွင် စတုတ္ထအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၌လည်းကောင်း အလှည့်ကျကျင်းပခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်

No comments:
Post a Comment