နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တီမောလက်စ် တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး DMr. Dionisio da Costa Babo Soares
အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် တီမောလက်စ် တေနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံအမတ်ကြီး Mr. Joao Freitas de Camara နှင့် တီမောလက်စ် တေ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ
သည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တီမောလက်စ်တေ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Dionisio da Costa Babo Soares နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့၏ နောက်ဆုံးပြည်တွင်းဖြစ်ပေါ် တိုးတက်မှုကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ တီမောလက်စ်တေနိုင်ငံ အာဆီ ယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြား ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Dionisio da Costa Babo Soares ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ရှိ Hiltonဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်

No comments:
Post a Comment