နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥရောပသမဂ္ဂ၏ လှူအခွင့်အရေးဆိုင်ရာ အထူးကိုယ် စားလှယ်အား လက်ခံတွေ့ဆုံမြန်မာ-အီးယူ ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး
နေပြည်တော် ဇွန် ၁၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံ၊ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဥရောပသမဂ္ဂ၏ လှူအခွင့် အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Eamon Gilmore အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် အီးယူမှ အကူအညီပေးရေး၊ လှူအခွင့်အရေးနှင့် အလုပ် သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင် ရွက်မှုများတွင် အီးယူမှ ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmid နှင့် အီးယူကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:
Post a Comment