Thursday, June 13, 2019


ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်/ဆက်ရုံးများနှင့်
မင်းဘူးရုပ်သံထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး
Image may contain: 4 people
နေပြည်တော် ဇွန် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သည် ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ အောင်လံမြို့နယ်များရှိ ပြန်/ဆက်ရုံးများနှင့် မင်းဘူးရုပ်သံထပ်ဆင့်လွှင့်စက်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီး များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းဦး၊ ဦးတင်နွယ်ဦး၊ ဦးမြင့် ဆွေနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ လာမည့်ပွင့်လင်း ရာသီတွင် မကွေးမြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပနိုင်ရန် လျာထားမှုနှင့် ဆောင်ရွက်နိုင်မှုအခြေအနေ ကို ညှိနှိုင်းဆွေးနွေးကာ မကွေးတက္ကသိုလ်အတွင်း ကွင်းဆင်းကြည့်ရှုလေ့လာသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မင်းဘူး ရုပ်သံထပ်ဆင့်လွှင့်စက်ရုံကိုလည်းကောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူထု အခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ညနေပိုင်းတွင် အောင်လံမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတို့ တွင် လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများကိုစစ်ဆေးစဉ် လူထုအခြေပြုဗဟိုဌာနများ အဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ အများပြည်သူ ဝင်ထွက်သွားလာပြီး အသုံးပြုနိုင်ရန်အတွက် အဆောက် အအုံများ ကြံ့ခိုင်မှုကောင်းမွန်ရန်အပြင် သန့်ရှင်းသာယာ လှပစေရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ပြောင်းလဲတိုးတက်နေသော အချိန်ကာလ/ နည်းပညာရပ်များနှင့်အညီ လိုက်ပါပြောင်းလဲဆောင် ရွက်နိုင်ရန်၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် မှုတွင် နိုင်ငံချစ်စိတ်ဖြင့် သတ်မှတ်လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံး ညီညွတ်မှုဖြင့် လုပ်ငန်းတာဝန်များကို ပျော်ရွှင်တကြွ်ကစွာ ထမ်းဆောင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment