ယခုနှစ် ပထမလေးလအတွင်း အင်ဒိုနီးရှားသို့ ပြည်ပခရီးသွား ငါးသန်းကျော် လာရောက်လည်ပတ်

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသွားဦးရေမှာ ၅ ဒသမ ၁၂ သန်းထိ ရောက်ရှိခဲ့ပြီး နှစ်အလိုက် ၃ ဒသမ ၂၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသား စာရင်းအင်းဗျူရိုက ယနေ့ကြေညာခဲ့သည်။
အများဆုံးလာရောက်"အင်ဒိုနီးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပြည်ပခရီးသွားအရေအတွက်က ဆက်လက်မြင့်တက်လာ ပြီး ဒေသခံအသိုင်းအဝိုင်းတွေအတွက် ဝင်ငွေပိုမိုရရှိစေဖို့ အထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်" ဟု အင်ဒိုနီးရှား အမျိုးသားစာရင်းအင်းဗျူရို အကြီးအကဲ ကီကွတ်ခ်ဆူဟာရီရန်တိုက ပြောကြားခဲ့ သည်။ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံး လာရောက်ခဲ့သည့် ပြည်ပခရီးသွားများမှာ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တီမောလက်စ်တေနှင့် သြစတြေးလျ နိုင်ငံတို့မှဖြစ်ကြောင်း ၎င်းကဆိုသည်။
ရည်မှန်းချက်ပြည့်မီ
၂၀၁၈ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့လာရောက် သည့် ပြည်ပခရီးသွားအရေအတွက်မှာ ၁၅ ဒသမ ၈၁ သန်းရှိခဲ့ရာ ယခုနှစ်အတွင်း သန်း ၂၀ ထိရောက်ရှိရေး ရည်မှန်းချက်ပြည့်မီရန် အင်ဒိုနီးရှားနိုင်ငံက မျှော်လင့် လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ကျော်ထိုက်စိုး
No comments:
Post a Comment