Sunday, June 9, 2019


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီးညီ လာခံသို့တက်ရောက်
Image may contain: 5 people, people smiling, people standing and suit
နေပြည်တော် ဇွန် ၈
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အဖွဲ့သည် ယမန်နေ့ က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံ ဒုတိယနေ့အခမ်းအနားများ ဖြစ်သည့် မသန်စွမ်းသူများအပေါ် တန်းတူညီမျှ မှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်း ကလေးများနှင့် မသန်စွမ်းအမျိုးသမီး များ၊ မသန်စွမ်းသူများ ခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူ များအတွက် နည်းပညာနှင့် ဆန်းသစ် တီထွင်မှု၊ မသန်စွမ်းသူများအတွက် တရားမျှတမှု လက်လှမ်းမီရေး စသည့် မျက်နှာစုံညီ အစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးသည်။
မေးမြန်းဆွေးနွေး
ထိုသို့ ဆွေးနွေးရာတွင် ရှေးဦးအရွယ် ကလေးငယ်များကို မသန်စွမ်းမှုမှ ကာကွယ်ခြင်း၊ မသန်စွမ်းမှုလျှော့ချ ခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှု ကိစ္စရပ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မသန်စွမ်းအမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြင့်မားရန် ဆောင် ရွက်ပေးနိုင်သည့် အလေ့အထ ကောင်းများ၊ မသန်စွမ်းသူများ အလုပ် အကိုင်ရရှိရေးတွင် ဝေပုံကျစနစ် ထားရှိခြင်း၏ နိုင်ငံတကာအတွေ့ အကြုံများ၊ ဉာဏ်ရည်မသန်စွမ်းသူ များအား တရားမျှတမှုရရှိစေရန် ဥပဒေအထောက်အပံ့ လက်လှမ်း မမီသော နေရာများတွင် ဖြေရှင်း ဆောင်ရွက်ပေးရန် နည်းလမ်းများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်း ဆွေးနွေး ခြင်းများ ဆောင်ရွက် ခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
ထို့ပြင် မသန်စွမ်းကလေးသူငယ် များအား ငယ်ရွယ်စဉ်မှစ၍ ရသင့် သည့်အခွင့်အလမ်းတို့ကို စောစီးစွာ ဖြည့်ဆည်းပေးခြင်းဖြင့် အရွယ် ရောက်လာသောအခါတွင် ၎င်းတို့၏ ဘဝအရည်အသွေး တိုးတက်မြင့်မား ရေး အခွင့်အရေးများရရှိနိုင်စေရန်၊ မသန်စွမ်းအမျိုးသမီးများ အကြမ်းဖက် ခံရမှု၊ အလွဲသုံးခံရမှုတို့တွင် တရားမျှတ မှုအခွင့်အလမ်းရရှိစေရေးသေချာ စေမည့် ဥပဒေရေးရာကာကွယ်မှု စွမ်းအား မြှင့်တင်ပေးရန်၊ မသန်စွမ်း သူများသည် အလုပ်ခွင်များတွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေး အတွက် နည်းပညာနှင့် ဆန်းသစ် တီထွင်မှုတို့ကို ဆောင်ရွက်ပေးရန်၊ မသန်စွမ်းသူများ တရားမျှတမှုအခွင့် အလမ်း အသေအချာရရှိစေရေး၊ ဥပဒေနှင့် တရားစီရင်ရေးကဏ္ဍရှိ ဝန်ထမ်းများ၏ မသန်စွမ်းမှုဆိုင်ရာ အသိပညာဗဟုသုတ မြင့်မားလာစေ ရန်တို့နှင့်စပ်လျဉ်း၍ အစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကို လည်း ဒုတိယအကြိမ် ကမ္ဘာလုံး ဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီး ညီလာခံ ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ ပေါင်း ၂၆ နိုင်ငံမှ ကိုယ်စားလှယ်များ က အလေးအနက်ထား ဆွေးနွေးခဲ့ကြ သည်။
ထို့နောက် ညီလာခံပိတ်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ အာဂျင်တီးနားနိုင်ငံ ဒုတိယသမ္မတ Mrs. Gabriela Michetti နှင့် အာဂျင်တီးနားနိုင်ငံ အမျိုးသားအဆင့် မသန်စွမ်းမှု အေဂျင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment