Sunday, June 9, 2019

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ နေပြည်တော်၌ ကျင်းပ
Image may contain: 2 people, people smiling, child and indoor
နေပြည်တော် ဇွန် ၈
မြန်မာ$ကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာ ပြပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ပြပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ကျောက်စိမ်း၊ ကျောက်မျက် အတွဲများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး ပြပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယခုကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၂၆၀ နှင့် ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲကို အိမ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပြပွဲသို့တက်ရောက်ရန် ယနေ့အထိ ပြည်တွင်းရတနာ ကုန်သည် ၁၅၀ဝ ခန့် စာရင်းပေးသွင်းထားသည်။
ပြပွဲပထမနေ့တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေ နှင့်အညီ ကျောက်အတွဲ တင်ပြရောင်းချခွင့်ရှိသူများ၊ တက်ရောက်ဝယ်ယူခွင့်ရှိသူများတက်ရောက်၍ ကျောက် မျက်၊ ကျောက်စိမ်းအတွဲများ၏ အရည်အသွေးကို ကြည့်ရှု စစ်ဆေးကြသည်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးသန်းဇော်ဦးက "အခုပြပွဲက ပြည်တွင်းရတနာ ကုန်သည်တွေကို $မြန်မာကျပ်ငွေနဲ့ ရောင်းချပေးတဲ့ပွဲ ဖြစ်ပါတယ်။ ပြည်တွင်းက ကုန်သည်ငယ်လေးတွေ ကုန်ကြမ်းရရှိဖို့နဲ့ လုပ်ငန်းရှင်တွေ ဝင်ငွေရရှိဖို့အတွက် ရည်ရွယ်ပါတယ်။မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ပွဲမှာ ပုတီး၊ လက်ကောက် လုပ်လို့ရတဲ့ ကျောက်အမျိုးအစားတွေကို အများစုရောင်းချတာဖြစ်ပါတယ်။ ဒီကျောက်တွေနဲ့ လက်ဝတ်ရတနာတွေ၊ အမှတ်တရပစ္စည်းတွေ အများကြီး လုပ်လို့ရပါတယ်။ ပြပွဲကိုတော့ ဇွန် ၈ ရက်ကနေ ၁၃ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်"ဟု ပြောသည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချ
ကျောက်မျက်အတွဲများကို ဇွန် ၁၀ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို ဇွန် ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်များတွင်လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် မြန်မာ$ကျပ်ငွေဖြင့် ရောင်းချပေး သည့် ကျောက်မျက်ရတနာပြပွဲများကို ၂၀၁၁ ခုနှစ်က စတင်၍ ကျင်းပပေးခဲ့ပြီး ယခုဆိုလျှင် ရှစ်ကြိမ်ရှိပြီ ဖြစ်သည်။ ကျော်သူထက်

No comments:

Post a Comment