ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၁၁
ပြည်သှူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ရေးရာကော်မတီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌ၊ ပြင်သစ်နိုင်ငံ လွှတ်တော်ကိုယ်စား လှယ်ဟောင်း Mr. Jean-Marie Cambaceres အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သှူလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။ (ယာပုံ)
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ပြင်သစ်-မြန်မာ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ဆက်ဆံ ရေးပိုမိုခိုင်မာမှု မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြင်သစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ရေးရာ ကောင်စီ၏ အခန်းကဏ္ဍများနှင့် နိုင်ငံအတွင်းတွင် နယ်ပယ်အသီးသီးရှိ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေမှုများအပြင် ကောင်စီအနေဖြင့် နိုင်ငံတကာလွှတ်တော်များမှ အတိုင်ပင်ခံ ကောင်စီများနှင့် ပူးပေါင်းဆောင် ရွက်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန် ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သှူလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သှူလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment