အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၁၁
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဋ္ဌနှင့် ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ် တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံလွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ ပြင်သစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ဖွဲ့စည်းမှု၊ ဆောင်ရွက်မှုများနှင့် အတွေ့အကြုံများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:
Post a Comment