လယ်ယာမြေစီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းစည်းဝေး
=
စစ်တွေ ဇွန် ၁၁
လယ်ယာမြေ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိုမိုသိရှိ နားလည်ပြီး မှန်မှန်ကန်ကန်နှင့် လွယ်ကူထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် ရခိုင်ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
òန်ကြားချက်များ ထုတ်ပြန်
အဆင့်ဆင့်ညှိနှိုင်း
နိုင်ငံ့တာဝန် ထမ်းဆောင်နေရ သည့် ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် òန်ကြားချက် များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရန် အဓိကကျကြောင်း၊ အခက်အခဲများစွာရှိသော်လည်း အောက်ခြေအဆင့်မှ အထက် အဆင့်အထိ အဆင့်ဆင့်ညှိနှိုင်း ဆောင်ရွက်သွားမည်ဆိုလျှင် အဆင် ပြေချောမွေ့စွာ ဆောင်ရွက်သွား နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် òန်ကြား ချက်များ ထုတ်ပြန်ထားရှိမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများအနေ ဖြင့် နားလည်သဘောပေါက်ရန်နှင့် òန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် အဖွဲ့အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော် ထင်က လယ်ယာမြေ စီမံခန့်ခွဲ မှုများနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် òန်ကြားချက် များကို ရှင်းလင်းပြောကြား
သည်။
ပြန်လည်ဆွေးနွေး
ယင်းနောက် တက်ရောက်လာ သော ခရိုင်နှင့် မြို့နယ်များမှ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက လယ်ယာမြေ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များ အပေါ် အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း

No comments:
Post a Comment