ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံ
သည်။ (ဝဲပုံ)
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာငါးသန်းနှုန်းဖြင့် ငါးနှစ်တာကာလအတွင်း အိန္ဒိယ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၅ သန်း ကူညီသွားမည့် အခြေအနေ၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရွှေဇားကျေးရွာတွင် အိမ်အလုံးရေ ၁၄၈ လုံး၊ နံသာတောင်ကျေးရွာတွင် ၄၂ လုံး၊ ကြိမ်ချောင်းတောင် ကျေးရွာတွင် အလုံး ၆၀၊ စုစုပေါင်း အလုံးရေ ၂၅၀ အား တည်ဆောက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်နိုင်ရေးကိစ္စ၊ အဆိုပါ ကျေးရွာများတွင် သောက်သုံးရေ၊ လျှပ်စစ်မီးစသော အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အောက်တွင် မြန်မာနိုင်ငံဘက်မှ ကနဦးအဆိုပြုထားသော စီမံချက် ၂၂ ခုအား အတည်ပြုနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံရှိ ဒေသများ တွင် ခြေတု၊ လက်တု လိုအပ်နေသူများအား ပံ့ပိုးပေး နိုင်ရေး တွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
သတင်းစဉ်
No comments:
Post a Comment