Wednesday, June 12, 2019

RFID စနစ် အကောင်အထည်ဖော်ရေးအတွက် လမ်းဘေးမြေများ အသုံးချခွင့်နှင့် လျှပ်စစ်မီးရရှိရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လုံခြုံရေး၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Radio Frequency Identification(RFID) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ စနစ် အကောင်အထည်ဖော်ရေးအတွက် လမ်းဘေးမြေ များ အသုံးချခွင့်နှင့် လျှပ်စစ်မီးရရှိရေး၊ အခြေခံအဆောက် အအုံများတည်ဆောက်ရေး၊ လုံခြုံရေး၊ အခြားပို့ဆောင် ရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စရပ် များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
ညှိနှိုင်းဆွေးနွေး
အဆိုပါ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် နေပြည် တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက RFID စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ I Consulting Agency ငှားရမ်းရေးစိစစ်ရွေးချယ်ဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်မင်းဦးက RFID စနစ် အကောင်အထည် ဖော်ရေး Conceptual Plan ပါ ကိစ္စရပ်များ၊ f Consulting Agency နှင့် iS hfContract Agreement ချုပ်ဆိုပြီး Feasibility Stud ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများ၊ ဝန်ကြီးဌာနများနှင့် နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးရမည့်လုပ်ငန်းရပ်များ၊ RFID စနစ်အတွက် ပြည်တွင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရေးကိစ္စရပ်များ ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယာဉ်စီးရေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ယာဉ်များကို စစ်ဆေး ကြပ်မတ်နိုင်ရန်၊ ဥပဒေကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသည့် မော်တော်ယာဉ်များအား အလွယ်တကူစိစစ် ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် RFID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။ တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်အားလုံးကို သတ်မှတ်ကာလ အတွင်း RFID Sticker (သို့မဟုတ်) RFID Tag များ တပ်ဆင်ပေးခြင်းဖြင့် မှတ်ပုံတင်မဲ့(Without) ယာဉ်များ၊ ဆိုင်ကယ်များကို အလွယ်တကူစစ်ဆေးထိန်းချုပ်သွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
တစ်ပြိုင်တည်းတည်ဆောက်သွားမည်
Conceptual Plan အရ ပြည်ထောင်စုလမ်းမ ကြီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မ္တလေး မြို့တော်ကြီးများ ရှိ မြို့တွင်းအဓိကလမ်းဆုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် များရှိ မြို့ကြီးများ၏ အချက်အချာကျသောနေရာများတွင် RFID Reader and Antenna များကို တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်သွား မည်ဖြစ်ပြီး Main Data Center နှင့်Control Center များကိုလည်း တစ်ပြိုင်တည်းတည်ဆောက်သွားမည် ဖြစ်သည်။
RFID စနစ်အကောင်အထည်ဖော်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Moon Engineering Joint Venture Co;Ltd နှင့် Contract စာချုပ်ကို လာမည့် ဇူလိုင်လ ပထမပတ်အတွင်း နှစ်ဖက်လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး Feasibility Study ဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment