တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်း ကြည့်ရှုလေ့လာ
နေပြည်တော် ဇွန် ၁၃
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တီမော လက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr.Dionisio da Costa Babo Soares ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် နေပြည်တော်ရှိ ဥပ္ပါတသ္တိစေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြန်မာ့
ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာ
ကြည့်ရှုသည်။
အလှူငွေများပေးအပ်လှူဒါန်း
ရှေးဦးစွာ ဥပ္ပါတသ္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဥပ္ပါတသ္တိစေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေး ထိုး၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ (ဝဲပုံ)
ကြည့်ရှုလေ့လာ
ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာပြတိုက် သို့ သွားရောက်၍ ကျောက်မျက်ပြခန်းဆောင်နှင့် ကျောက်မျက်ရတနာဈေးတို့တွင် ပြသထားသော မြန်မာ နိုင်ငံထွက် အဖိုးတန်ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတများကို ကြည့်ရှုလေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး သည်။
ပြန်လည်ထွက်ခွာ
ညပိုင်းတွင် နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ သွားသည်။
သတင်းစဉ်

No comments:
Post a Comment