Friday, June 14, 2019

ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
Image may contain: 1 person
နေပြည်တော် ဇွန် ၁၃
"ကိုယ်စိတ်ကျန်းမာလူငယ်ဘဝ၊ အနာဂတ် တောက်ပနိုင်ငံ့အလှ" ခေါင်းစဉ်ဖြင့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲဒုတိယနေ့ အစီအစဉ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ယနေ့ ဆက်လက် ကျင်းပသည်။ (ယာပုံ)
နံနက်ပိုင်းအစီအစဉ်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲကိုကျင်းပကြရာ ယာဉ်အ္တရာယ်နှင့် လမ်းအ္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့်လူနေမှုဘဝ ပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများတွင် ဂိမ်းအလွန် အကျွံစွဲလမ်းမှုပပျောက်ရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျတင်ပြဆွေးနွေး ကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်း ကျော်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က သဘာပတိ အဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲတက်ရောက်လာကြသူများ က တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းအစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က သဘာပတိအဖြစ်ဆောင်ရွက်ကြပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေ သနစီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနတို့က ဦးစီးဌာနများအလိုက် ဆွေးနွေးတင်ပြကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများက တင်ပြဆွေးနွေး မှုများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြ သည်။
ညနေပိုင်းတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲကိုကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကားပြောကြားသည်။
အလားတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များ၊ ဆရာ ဆရာမများသာမက ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စား လှယ်များ၊ ကျောင်းသားမိဘများကပါ ပါဝင် မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များ သည် အထူးကောင်းမွန်အဆင့်မြင့်မားပြီး အဆိုပါ အချက်များသည် မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း။
လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင် ရွက်နိုင်ခြင်းဖြင့် ကျောင်းသား ကျောင်းသူ များ၏ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာ သုခများရရှိနိုင်မည့်အပြင် လူမှုဆက်ဆံရေးရာ များတွင်လည်း များစွာအကျိုးရှိနိုင်မည်ဖြစ် ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ကိုယ်တိုင်အကျိုးရှိမည့် ကိစ္စရပ်ဖြစ် သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်း များတွင် ကိုယ်တိုင် တတ်ကြွစွာ ရှေ့ဆောင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်း များ စတင်ဆောင်ရွက် သည့်ကာလတွင် လက်တွဲခေါ်ယူ ဆောင်ရွက်သွားရန်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment