Saturday, June 15, 2019

ဉ္စမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပတိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အမြင်ချင်းဖလှယ် ဆွေးနွေး
Image may contain: 8 people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၄
ပဉ္စမအကြိမ်မြောက် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt အပါအဝင် အီးယူကိုယ်စား လှယ်အဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ အီးယူအဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဖြစ်သော အလုပ်သမားအခွင့်အရေး၊ အမျိုးသမီး၊ ကလေး သူငယ်၊ ရွှေ့ပြောင်းသွားလာသူများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အခြေ အနေများ၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ စီးပွားရေး နှင့် လူမှုရေးအခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ အမုန်းတရားလှုံ့ဆော်မှုများ ကာကွယ် တားဆီးခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာ မျက်နှာစာ တွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ စာချုပ်များသို့ မြန်မာ နိုင်ငံမှ ဝင်ရောက်မှု၊ စာချုပ်များအား အကောင်အထည် ဖော်မှုအခြေအနေနှင့် တိုင်းရင်းသားများ၏ အခြေခံအခွင့် အရေးဆိုင်ရာကိစ္စရပ်များအပါအဝင် မြန်မာနှင့် ဥရောပ သမဂ္ဂကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့တို့ အကြား ဆွေးနွေးညှိနှိုင်းနေမှုနှင့် တိုးတက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment