အာရှနိုင်ငံဖြတ်ကျော်ခရီးကြမ်းကားမောင်းပြိုင်ပွဲ မြန်မာနိုင်ငံ ပထမဆုံးအကြိမ် ပါဝင်ကျင်းပခွင့်ရရှိ

ရန်ကုန် ဇွန် ၁၄
အာရှနိုင်ငံဖြတ်ကျော်ခရီးကြမ်းကားမောင်းပြိုင်ပွဲ-၂၀၁၉ (Sun Chlorella Asia Cross Country Rally 2019) ကို လာမည့် သြဂုတ်လအတွင်း ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ပါဝင် ကျင်းပခွင့်ရရှိခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီး ကရဝိက်ခန်းမတွင် ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
၁၉၉၆ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၄ ကြိမ်တိုင်ခဲ့ပြီဖြစ်သည့် အဆိုပါပြိုင်ပွဲကို သြဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး စတင်တာထွက်မှုကို ထိုင်းနိုင်ငံ ပတ္တရားမြို့မှ စတင်မည်ဖြစ်ကာ မြန်မာနိုင်ငံ နေပြည်တော်တွင် ပန်းဝင် မည်ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်မောင်းနှင်ရာတွင် ထိုင်းနိုင်ငံ၌ သုံးရက်ကြာ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် သုံးရက်ကြာ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ခရီး အရှည် စုစုပေါင်းမှာ ကီလိုမီတာ ၂၀ဝ၀ ကျော်ရှိကြောင်း သိရသည်။ ပြိုင်ပွဲတွင် မော်တော်ယာဉ်(AUTO)၊ မော်တော် ဆိုင်ကယ်(MOTO)နှင့် ဘေးတွဲသုံးဘီးဆိုင်ကယ် (SIDECAR)ဟူ၍ ယာဉ်အမျိုးအစားသုံးမျိုးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်၊ ဂျပန်၊ မြန်မာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ က္ဘောဒီးယား၊ ဘရူနိုင်း၊ မလေးရှား စသည်ဖြင့် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ လူဦးရေ ၃၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
"Asia Cross Country Rally "ပြိုင်ပွဲကို နှစ်စဉ် နှစ်တိုင်း သြဂုတ်လမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခု ကျွန်တော်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်ဆိုတဲ့ နေရာမှာ မိုးရာသီဖြစ်နေတဲ့အတွက်ကြောင့် လမ်းကြောင်း ရွေးတဲ့အခါ အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို အာဆီယံ ၁၀ နိုင်ငံအပြင် ဆိုင်ကယ်ဘက်မှာဆိုရင် ဥရောပနိုင်ငံတွေ ပါလာဖို့ရှိပါတယ်။ လက်ရှိ စာရင်းသွင်း ထားသူ အရေအတွက်က ၃၀ဝ နီးပါးရှိပြီး စာရင်းပိတ်ရက် က ဇွန် ၂၄ ရက်ဆိုတော့ ဝင်ရောက်ယှဉ်ပြိုင်သူ အရေ အတွက်က ဒီထက်များ လာနိုင်ပါတယ်။
"ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စတင် ကျင်းပတာဆိုတော့ ဘေးကင်းလုံခြုံရေး အပါအဝင် အစစ အရာရာ အဆင်ပြေအောင် စီမံဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြုပွဲတစ်ပွဲကို အခုလိုမျိုး အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိတာဟာ ဝမ်းသာဂုဏ်ယူစရာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကားဘက် မှာ နှစ်စီးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မော်တော်ဆိုင်ကယ် ဘက်မှာ အနည်းဆုံး နှစ်စီး ဝင်ရောက်ယှဉ်ပြိုင်သွားပါမယ်"ဟု Myanmar Motorsports Organization (MMSO) မှ ဥက္ကဋ္ဌ ကိုကျော်ဇေယျာဝင်းက ပြောသည်။
Asia Cross Country Rally 2019 ပြိုင်ပွဲအား ဂျပန်နိုင်ငံမှ SR1 Japan အဖွဲ့နှင့် မြန်မာနိုင်ငံမှ Myanmar Motorsports Organization (MMSO) အဖွဲ့တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းအနေဖြင့် ထိုင်းနိုင်ငံ ပတ္တရားမြို့မှတစ်ဆင့် မဲဆောက်-မြဝတီ-ဘားအံလမ်းကြောင်းမှ နေပြည်တော်သို့ ရောက်ရှိပန်းဝင် မည်ဖြစ်ကြောင်း သိရသည်။
အာရှတစ်ခွင်တွင် နိုင်ငံဖြတ်ကျော်ခရီးကြမ်းကား မောင်းပြိုင်ပွဲများအား ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန်နှင့် အာရှပြိုင်ပွဲဝင်များအနေဖြင့် ကမ္ဘာ့အဆင့်အထိ တက်ရောက်ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်၍ အာရှနိုင်ငံ ဖြတ်ကျော်ခရီးကြမ်းကားမောင်းပြိုင်ပွဲများကို ကျင်းပ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပါဝင်ကျင်းပခွင့်ရရှိသည့်နိုင်ငံ များအနေဖြင့် ၎င်းတို့နိုင်ငံ၏ သဘာဝအလှအပများအား ကမ္ဘာကို ချပြခွင့်ရရှိမည်ဖြစ်ခြင်းကြောင့် ခရီးသွားကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းက များစွာအထောက်အပံ့ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရာမည

No comments:
Post a Comment