Saturday, June 15, 2019

SCO ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှစ်ရက်ကြာခရီးစဉ်စတင်

Image may contain: one or more people and camera
နယူးဒေလီ ဇွန် ၁၃
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (SCO) ထိပ်သီးအစည်း အဝေးတက်ရောက်ရန် ယနေ့ ကာဂျစ္စတန်နိုင်ငံ ဘက်ရှ်ကတ်မြို့ သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး ဌာနက ပြောကြားသည်။
ပြီးခဲ့သည့်လအတွင်း ဒုတိယ သက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီးနောက် ယခုခရီး စဉ်မှာ မိုဒီ၏ ပထမဆုံးသော ဘက်စုံ ပါဝင်သည့် ထိတွေ့မှုဖြစ်လာမည်ဖြစ် သည်။ ယခု ကျင်းပမည့် SCO ထိပ်သီးအစည်းအဝေးသို့ တင်းပြည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အိန္ဒိယ နိုင်ငံက ဒုတိယအကြိမ် တက်ရောက် ခြင်းဖြစ်လာမည်ဖြစ်သည်။ ယမန်နှစ် က မိုဒီသည် တရုတ်နိုင်ငံ၌ ကျင်းပ သော SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ကမ္ဘာ့ဇာတ်ခုံတွင် အိန္ဒိယနိုင်ငံ ၏အခန်းကဏ္ဍ ခိုင်မာအားကောင်း အောင်လုပ်ဆောင်ရန်နှင့် ဝန်ကြီးချုပ် အဖြစ် ပြန်လည်ရွေးကောက်ခံရမှု အလွန် ပထမဆုံးသော ဘက်စုံပါဝင် သည့် ထိတွေ့မှုအတွက် ဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် ကာဂျစ္စတန်နိုင်ငံ ဘက်ရှ်ကတ်မြို့၌ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပမည့် SCO နိုင်ငံ့အကြီးအကဲများ အစည်းအဝေး တက်ရောက်ရန် နှစ်ရက်ကြာခရီးစဉ် တစ်ခုကို စတင်ပြီဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ရာဗက်ရှ်ကူးမားက တွစ်တာ၌ ရေးသားခဲ့သည်။
SCO ထိပ်သီးအစည်းအဝေး အတွင်း မိုဒီသည် နိုင်ငံအချို့မှ အစိုးရ အကြီးအကဲများနှင့် အစည်းအဝေး များ ကျင်းပမည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:

Post a Comment