ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က အီရန်အား စွပ်စွဲ
ကျိုတို ဇွန် ၁၄
အမေရိကန်အစိုးရက ရေနံတင်သင်္ဘောများ တိုက်ခိုက် ခံရခြင်းနှင့်ပတ်သက်ပြီး အီရန်အစိုးရအား စွပ်စွဲပြစ်တင် လျက်ရှိသည်။ သို့သော် အီရန်အစိုးရက စွပ်စွဲချက်များကို ငြင်းဆန်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။
တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘောနှစ်စင်းအနက် ဂျပန်ပိုင်သင်္ဘောကုမ္ပဏီုသုကေု ှညေါပသ ဥက္ကဋ္ဌ ယူတာကာ ကာတာဒါက ဝေဟင်မှ ကျလာသော ကျည်ဖူး တစ်ခု ထိမှန်ခြင်းခံခဲ့ရပြီးနောက် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းနှင့် သင်္ဘောကိုယ်ထည်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုကျန်ရစ်ခဲ့ကြောင်း သင်္ဘောပေါ်လိုက်ပါ လာသူများ၏ အစီရင်ခံချက်များကို ပြန်လည်ကိုးကား ပြောကြားခဲ့ကြောင်း သိရသည်။
ရေမျက်နှာပြင်ပေါ်တွင် ထောင်ထားသော ရေမြှုပ် မိုင်းများနှင့် ထိမိခြင်းမဟုတ်ကြောင်း ဥက္ကဋ္ဌယူတာကာ ကာတာဒါက ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသည့် သင်္ဘောနှစ်စင်းပေါ် လိုက်ပါလာသူများအား ကယ်ဆယ် နိုင်ခဲ့သည်။ ၄င်းတို့အနက် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ ယင်းတိုက်ခိုက်ခံရသော ဂျပန်ပိုင်ရေနံတင်သင်္ဘော သည် အာရပ်စော်ဘွားများနိုင်ငံသို့ ယခုအချိန်တွင် ဦးတည်မောင်းနှင်လျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အီရန်က သင်္ဘောကိုယ်ထည်အား ပဲ့ထိန်းနိုင်သော မိုင်းဗုံးများအသုံးပြုကာ ကျူးလွန်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲထားသည်။ သို့သော် အီရန်အစိုးရက အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိပါကြောင်း ငြင်းဆန်ခဲ့သည်။
အမေရိကန်အနေဖြင့် တိကျခိုင်မာသေချာသော အထောက်အထားများ ပြသနိုင်ခြင်းမရှိဘဲ စွပ်စွဲမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ယင်းသို့ပြုမူပြောဆိုခြင်းသည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ထိခိုက်စေနိုင် သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက သူ၏တွစ်တာ စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။
ဇွန် ၁၃ ရက်က အမေရိကန်အစိုးရ၏တောင်းဆိုချက် အရ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့သည်။
အမေရိကန်ယာယီသံအမတ်ကြီး ဂျိုနသန်ကိုဟန်က အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ရက်အနည်းငယ်အတွင်း မည်သို့လက်တုံ့ပြန် ဖြေရှင်းမလဲဆိုသည့်အပေါ် ဆွေးနွေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကိစ္စ၏ နောက်ကွယ်ကြိုးကိုင်သူမှာ အီရန် ဖြစ်သည်ဆိုသည့် ခိုင်လုံသောအထောက်အထားများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဆွေးနွေးခဲ့ခြင်းမရှိပါကြောင်း ကူဝိတ်သံအမတ်ကြီးက ဆိုသည်။
ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုသည် အမေရိကန်နှင့် အီရန်နှစ်နိုင်ငံအကြား ကြားဝင်ဖျန်ဖြေ ပေးရန် ကြိုးပမ်းနေသည့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အီရန်နိုင်ငံသို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ

No comments:
Post a Comment