ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ "ပြည်သူအားလုံးအတွက်ပိုမိုစိမ်းလန်းသောမြို့အားဖော်ဆောင်ခြင်း" သုတေသနစာတမ်းမိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၄
ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ "ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသောမြို့ အားဖော်ဆောင်ခြင်း"သုတေသန စာတမ်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ် နည်းပညာတက္ကသိုလ်ရှိ Assembly Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နော်လှလှစိုးက အဖွင့်အမှာစကား ပြောကြားပြီး Another Development (AD) မှ အမှုဆောင် ဒါရိုက်တာ နော်ကယ်ရယ်မို့မို့အေးက အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှုဆောင်ဒါရိုက်တာ နော်ကယ်ရယ် မို့မို့အေးနှင့် သုတေသီ ကိုရေချမ်းတို့က ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ "ပြည်သူအားလုံးအတွက် ပိုမို စိမ်းလန်းသောမြို့အားဖော်ဆောင်ခြင်း" သုတေသန စာတမ်းအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။
ယင်းနောက် ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ "ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသောမြို့အား ဖော်ဆောင်ခြင်း"ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် Another Development (AD) မှ မဟာဗျူဟာဆက်သွယ်ရေးအကြံပေး ဦးမော်ထွန်းအောင်က ဆောင်ရွက်ကာ ရန်ကုန်နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ဆွေဆွေအေး၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်၊ "ဒို့အိမ်"အဖွဲ့မှ ဗိသုကာပညာရှင် ဒေါ်ချိုချိုရွှေတို့က ရန်ကုန်မြို့၏ လက်ရှိ မြို့ပြအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့အပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။
ရန်ကုန်မြို့တွင် စိမ်းလန်းဧရိယာများ ပေါ်ပေါက်လာ ရန်နှင့် အဓိကထားသည့် လက်ရှိစီမံချက်မှတစ်ဆင့် ရန်ကုန်မြို့တွင် နေထိုင်သူများ၏ နေထိုင်မှုအဆင့်အတန်း တိုးတက်လာစေရန် ရေရှည်သဘောဆောင်ပြီး နေထိုင်သူ အားလုံးအတွက် ထည့်သွင်းစဉ်းစားကာ စီမံရေးဆွဲသည့် မြို့ပြစီမံခန့်ခွဲရေး အလေ့အထများ ရှင်သန်အားကောင်း လာစေရန်၊ ရန်ကုန်ဧရိယာအတွင်းမှ စိမ်းလန်းဧရိယာ များနှင့်သက်ဆိုင်သည့် အခက်အခဲများကို နားလည်နိုင် ရန်၊ အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ ဖော်ထုတ်နိုင်ရန်အတွက် ရည်ရွယ်၍ အဆိုပါသုတေသန စာတမ်းကို Another Development (AD) က ပြုစုခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက "ဒီစာတမ်းလေးကို ဖတ်ကြည့်ပြီးတော့ ကိုယ့်ရဲ့မြို့တော် သာယာလှပဖို့၊ စိမ်းလန်းစိုပြည်ဖို့ အချက်အလက်လေး တွေရလာတယ်။ ဒီမြို့တော်ကြီးမှာ စိမ်းလန်းတဲ့နေရာ တွေရှိခြင်းအားဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ဒီမိုကရေစီရေး အတွက်ပါ အရေးကြီးတယ်ဆိုတာကို ဒီမှာ ဖော်ပြထား တာ တွေ့ရတယ်။ ရန်ကုန်မြို့ကြီးဟာ အာရှနိုင်ငံတွေရဲ့ မြို့ကြီးတွေထဲမှာ စိမ်းလန်းဧရိယာ အနည်းဆုံးဖြစ်နေတာ ကို သိရတဲ့အတွက် ကျွန်မတို့ အချိန်မီ ထိန်းသိမ်းဖို့ လိုအပ် ပါတယ်"ဟု ပြောသည်။
အဆိုပါသုတေသနစာတမ်းကို ၂၀၁၈ ခုနှစ် ဇွန်လ တွင် စတင်ပြုစုခဲ့ကြောင်း၊ စာတမ်းတွင် ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ၏ အကျိုးပြုမှုများ၊ အများပြည်သူ ဆိုင်ရာပန်းခြံများ ပျံ့နှံ့တည်ရှိမှုနှင့် ဝင်ရောက်လည်ပတ်မှု များ၊ ပန်းခြံများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ပန်းခြံ များအတွက် တိုက်တွန်းလှုံ့ဆော်ခြင်းနှင့် မဟာဗျူဟာ ကျလှုပ်ရှားမှုများ၊ အကြံပြုချက်များ ပါဝင်ကြောင်း၊ ယင်း စာတမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အမှုဆောင် ဒါရိုက်တာ နော်ကယ်ရယ်မို့မို့အေးက ဆိုသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:
Post a Comment