တိုကျို ဇွန် ၁၁
က္ဘာကြီးပူနွေးလာမှုကိုတိုက်ဖျက်သည့် မဟာဗျူဟာအဖြစ် ၂၀၅၀ ပြည့်နှစ်အလွန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိလျှော့ချမည့် စီမံချက်တစ်ရပ်ကို ဂျပန်အစိုးရ အဖွဲ့က ယနေ့ အတည်ပြုလိုက်ပြီဖြစ်သည်။
နေစွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များက ထိုရည်မှန်း ချက် အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု၌ အဓိကစွမ်းအင် အရင်းအမြစ်များအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ ပါရီသဘောတူညီချက်အရ စွမ်းအင် ဆိုင်ရာ မဟာဗျူဟာစီမံချက်ကို ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကျင်းပချိန် ယခုလနှောင်းပိုင်း ထက်နောက်မကျဘဲ ကုလသမဂ္ဂသို့တင်သွင်းရန် ဂျပန်နိုင်ငံက စီစဉ်နေသည်။ ဂျပန်နှင့် အီတလီမှာ ကုလသမဂ္ဂသို့ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာစီမံချက် တင်သွင်းမှုမရှိသည့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ ]]ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်က စီးပွား ရေးကို မထိခိုက်ပေမယ့် အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ထိခိုက်စေပါတယ်}} ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။
ဂျပန်နိုင်ငံက က္ဘာ့နိုင်ငံများ၏ ရာသီဥတုမူဝါဒ နမူနာအရွေ့တွင် ဦးဆောင်မည်ဟု ၎င်းကဆိုသည်။ ရေရှည်စွမ်းအင်စီမံချက်အရ ဂျပန်အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ၂၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကဲ့သို့သော စွမ်းအင်များကို ၂၄ ရာခိုင် နှုန်းနှင့် နျူကလီးယားစွမ်းအင်ကို ၅၆ ရာခိုင်နှုန်း ထုတ်လုပ်ရန် ရည်မှန်းသည်။ ကျိုဒို
ဘာသာပြန်-ကျော်ထိုက်စိုး

No comments:
Post a Comment