တိုကျို ဇွန် ၁၁
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အီရန် နိုင်ငံသို့မသွားမီ တစ်ရက်အလို ဇွန် ၁၁ ရက် တွင် ပင်လယ်ကွေ့ဒေသအရေးနှင့် ပတ်သက် ၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဆွေးနွေး
ယင်းသို့ဆွေးနွေးစဉ် အီရန်အရေး အပါ အဝင် ကိစ္စအဝ၀ကို ဆွေးနွေးခဲ့ကြကြောင်း ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒါဆူကာက ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုင်ငံတကာ နျူကလီးယားသဘောတူစာချုပ် နှင့် ပတ်သက်၍ ပါရှန်ပင်လယ်ကွေ့ဒေသ၌ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံ တို့အကြား တင်းမာမှုများ အရှိန်မြင့်မားနေစဉ် အီရန်နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ် အဖြစ် ဇွန် ၁၂ ရက်တွင် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ဆုံးဖြတ်ချက်ချမှတ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အောက်လွှတ်တော်ပဲ့ကိုင်ကော်မတီ အဖွဲ့ဝင် များနှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ရပ် တွင် အီရန်နိုင်ငံသို့ သွားရောက်ရန် ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ် သည်။
ဂျပန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့်ရော အီရန်နိုင်ငံနှင့်ပါ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ရှင်ဇိုအာဘေးအနေဖြင့် ဒေသ တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်လိမ့် မည်ဟု ယုံကြည်ရသည်။
အာဘေးသည် ပြီးခဲ့သည့်လက တိုကျိုမြို့ ၌ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျဗတ်ဇာရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုများ အရှိန် မြင့်မားလာမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိသည်ဟု တရားဝင်ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ
ဘာသာပြန်-ဂျေတီ

No comments:
Post a Comment