Youth Integrity Camp 2019 စခန်းဝင် ကျောင်းသား ကျောင်းသူများ Video Conferencing မှ တစ်ဆင့်
အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့များနှင့် အဂတိလိုက်စားမှုနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာဆောင်ရွက်မှုများ ဆွေးနွေး
နေပြည်တော် ဇွန် ၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေး ဝန်ကြီးဌာနတို့ပူးပေါင်း၍ UNODC ၏ နည်းပညာ အကူ အညီဖြင့် ဖွင့်လှစ်လျက်ရှိသော "ဖြောင့်မတ်တည်ကြည်မှု" လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019) ၌ ယနေ့တွင် အဖွဲ့နှစ်ဖွဲ့ရွေးချယ်ပြီး ပါပူဝါနယူးဂီနီ နိုင်ငံမှ လူငယ်များ၊ ဆလိုဗေးနီးယားနိုင်ငံမှ လူငယ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို Video Conferencing ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြန်အလှန်ဆွေးနွေး
ထိုသို့ ဆောင်ရွက်ရာတွင် စခန်းဝင်လူငယ် ၁၅ ဦးစီ ဖြင့် အဖွဲ့နှစ်ဖွဲ့ ရွေးချယ်ဖွဲ့စည်းပြီး ပါပူဝါနယူးဂီနီနိုင်ငံမှ လူငယ်များနှင့် နံနက်ပိုင်းတွင် လည်းကောင်း၊ ဆလို ဗေးနီးယားနိုင်ငံမှ လူငယ်များနှင့် မွန်းလွဲပိုင်းတွင် လည်းကောင်း Video Conferencing ဆက်သွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် လူငယ်များပါဝင်ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်ရေးဆောင်ရွက်နေမှု၊ အတွေ့အကြုံ၊ စိန်ခေါ်မှု၊ အောင်မြင်မှု၊ အားပေးမှု၊ နည်းဗျူဟာနှင့် ဂရုပြု ရမည့်အချက်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
Video Conferencing မှတစ်ဆင့် ဆွေးနွေးမှု အား နိုင်ငံတကာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်ထုပါဝင်ဆောင်ရွက်နေမှု၊ လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာမှုတို့အား သိရှိနိုင်ရန်နှင့် အတွေ့အကြုံများဖလှယ်နိုင်ရန် ရည်ရွယ် လျက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်
ဆက်လက်၍ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး John Nielsen က စခန်းဝင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဒိန်းမတ်နိုင်ငံ၏ နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့သော အတွေ့အကြုံများကိုမျှဝေ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံးကို ထိခိုက်နစ်နာစေပြီး ဆုံးရှုံးမှုနှင့် ကုန်ကျမှုမြင့်မားကြောင်း၊ ဆုံးရှုံးမှုများတွင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့ ပါဝင်ကြောင်း စသည်ဖြင့် အသေးစိတ်ဆွေးနွေးပို့ချခဲ့သည်။
နှစ်နိုင်ငံ ကျောင်းသားလူငယ်များ Video Conferencing j ဖြင့် တွေ့ဆုံဆွေးနွေးရာသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် အားပေးခဲ့ပြီး လူငယ်စခန်းအား ဇွန် ၇ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:
Post a Comment