Friday, June 7, 2019


၇၅ ကြိမ်မြောက် D-Day နှစ်ပတ်လည်အခမ်းအနားသို့
သမ္မတထရန့် တက်ရောက်
Image may contain: 19 people, people smiling
ပါရီ ဇွန် ၆
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များက ပြင်သစ် နိုင်ငံမြောက်ပိုင်း နော်မန်ဒီကမ်းခြေသို့တက်သောနေ့ အထိမ်းအမှတ် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား တွင် သမ္မတထရန့်က အမေရိကန်နှင့် ၎င်း၏မဟာမိတ် နိုင်ငံများအကြား ခိုင်မြဲလျက်ရှိသော ဆက်ဆံရေးကို မည်သည့်အရာကမျှ ဖျက်ဆီး၍မရနိုင်ပါကြောင်း ပြောကြားခဲ့သည်။အဆိုပါအခမ်းအနားတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်အပါအဝင် က္ဘာ့ခေါင်းဆောင်များနှင့် ပြည်သူ ထောင်ပေါင်းများစွာက ၁၉၄၄ ခုနှစ်အတွင်း ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်ပေးနိုင်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့ များ၏ နော်မန်ဒီကမ်းခြေသို့ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းမှုတွင် အသက်စတေးခဲ့သူများအား ဂုဏ်ပြုအလေး ပြုခဲ့ကြသည်။
မဟာမိတ်တပ်ဖွဲ့များသည် စစ်ပွဲကာလအတွင်း စစ်၏အနိဋ္ဌာရုံများကို ကြံ့ကြံ့ခံကာ အသက်သွေးချွေးများ စတေး ခဲ့ပြီး တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ယခုအချိန်တွင် ငြိမ်းချမ်းမှု၏ အသီးအပွင့်များကို ကျွန်ုပ်တို့ခံစားရခြင်းဖြစ်သည်။ ကျွန်ုပ်တို့မဟာမိတ်တပ်ဖွဲ့များ၏ ရင်းနှီးမှုသံယောဇဉ်ကို မည်သည့်အရာကမျှ ဖျက်ဆီး၍မရနိုင်ပါကြောင်း သမ္မတထရန့်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ သည်။
ချီးမွမ်းစကားများဆို
ထို့နောက် ၁၉၄၄ ခုနှစ် ဇွန် ၆ ရက်တွင် ဂျာမန်တို့ သိမ်းပိုက်ထားသော နော်မန်ဒီကမ်းခြေကို ပြန်လည် သိမ်းပိုက်ယူရန် ကြိုးပမ်းမှုတွင် စွမ်းစွမ်းတမံ တိုက်ခိုက် ခဲ့သော စစ်မှုထမ်းဟောင်းများအား ၎င်းတို့၏ရဲစွမ်းသတ္တိ ထူးချွန်ပြောင်မြောက်ခြင်းအတွက် ၎င်းတို့တစ်ဦးချင်းအား သမ္မတထရန့်က ချီးမွမ်းစကားများ ဆိုခဲ့သည်။
စစ်မှုထမ်းဟောင်းအများစုသည် ဘီးတပ်ကုလား ထိုင်များပေါ်တွင် ဘေ့စ်ဘောဦးထုပ်များကိုယ်စီ ဝတ်ဆင် ထားကြပြီး သမ္မတထရန့်၏အနောက်ဘက်တွင် စီတန်း ထိုင်လျက်ရှိကြသည်။
အဆိုပါအခမ်းအနားသည် ဥရောပနိုင်ငံများအပေါ် နာဇီတို့၏ကျူးကျော်မှုကို အဆုံးသတ်ရန် အသက်စတေးကာ တိုက်ပွဲဝင်ခဲ့ကြသည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို ပြသလျက်ရှိသည်။
၁၉၄၄ ခုနှစ် ဇွန် ၆ ရက်တွင် မဟာမိတ်တပ်ဖွဲ့ဝင် ၁၅၆၀ဝ၀ နှင့် မော်တော်ယာဉ်အစီး ၂၀ဝ၀ဝ တို့အား နာဇီတို့သိမ်းပိုက်ထားသည့် ပြင်သစ်မြောက်ပိုင်းဒေသ ပေါ်သို့ အခြေချကာ တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment