Friday, June 7, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး (၁၉/၂၀၁၉) ကျင်းပ
Image may contain: 2 people, people sitting and indoor
နေပြည်တော် ဇွန် ၆ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၁၉/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်ဒုတိယ နာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်း အောင် (ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်း အောင်(ခ) ဦးပြုံးချို၊ အဖွဲ့ ဝင်များဖြစ်ကြသည့် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စား လှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment