အိုင်အက်စ်အဖွဲ့ ဝင် မိသားစုဝင်များမှ ပြင်သစ်နှင့် ဒတ်ချ် မိဘမဲ့ကလေးများအားကာ့ဒ်အုပ်ချုပ်ရေးအ¸ မှ သက်ဆိုင်ရာအစိုးရကိုယ်စားလှယ်များထံ လွှဲပြောင်း
ဒမတ်စကတ် ဇွန် ၁၀
အိုင်အက်စ်အဖွဲ့ဝင်မိသားစုများက ပြင်သစ်လူမျိုးမိဘမဲ့ ကလေး ၁၂ ဦးနှင့် ဒတ်ချ်လူမျိုးကလေးနှစ်ဦးကို သက်ဆိုင်ရာအစိုးရကိုယ်စားလှယ်အဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဆီးရီးယား ကာ့ဒ် တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။
ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ကာ့ဒ် အုပ်ချုပ်ရေးအဖွဲ့က ပြင်သစ်မိဘမဲ့ကလေး ၁၂ ဦးနှင့် ဒတ်ချ်မိဘမဲ့ကလေးနှစ်ဦးတို့အား သက်ဆိုင်ရာအစိုးရ ကိုယ်စားလှယ်အဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၎င်းကလေးငယ်များသည် အိုင်အက်စ် တိုက်ခိုက်ရေးသမား မိသားစုများမှ မွေးဖွားလာသူများဖြစ်ကြောင်း ကာ့ဒ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အီရတ်နိုင်ငံအတွင်းရှိ အစ္စလာမ္မစ်နိုင်ငံထူထောင်ရေး အဖွဲ့ (အိုင်အက်စ်)နှင့် အိုင်အက်စ် အိုင်အယ်လ် သို့မဟုတ် အိုင်အက်စ်အိုင်အက်စ် တိုက်ခိုက်ရေးသမားများနှင့် မိသားစုဝင်များ ထောင်ပေါင်းများစွာ ခိုလှုံနေသည့် စခန်းများတွင် ၎င်းကလေးငယ်များ နေထိုင်ကြခြင်း ဖြစ်ကြောင်း မကြာသေးမီက ၎င်းအိုင်အက်စ်တိုက်ခိုက်ရေး သမားများကို ချေမှုန်းခဲ့အပြီးတွင် ယင်းစခန်းများ၌ ခိုလှုံ သူများမှာ စခန်းများကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ် သည်။
အိုင်အက်စ်အိုင်အယ်လ်တိုက်ခိုက်ရေးသမားများ၏ ဇနီးများနှင့် ကလေးများမှာ အယ်လ်ဟူးစခန်းမှ နေအိမ် များသို့ ပြန့်နှံ့ခဲ့ကြသည်။
ကာ့ဒ်တာဝန်ရှိသူများက ပြင်သစ်လူမျိုး မိဘမဲ့ ကလေး ၁၂ ဦးကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ထံ လွှဲအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဌာန အထက်တန်းတာဝန်ရှိသူ အဗ္ဗဒူကာရင်အိုမာက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြသည်။
ယင်းကလေးငယ်များကို အင်းလက်ဆာမြို့တွင် ဇွန် ၉ ရက်က လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး နယ်သာလန် အစိုးရကိုယ်စားလှယ်အဖွဲ့ထံသို့ ဒတ်ချ်လူမျိုးကလေး နှစ်ဦးကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ အေအက်ဖ်ပီ

No comments:
Post a Comment