Thursday, June 13, 2019

တရုတ်နိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီး၊ မြေပြိုမှုများကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံး
Image may contain: one or more people, sky and outdoor
ပေကျင်း ဇွန် ၁၂
တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများ ကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၃၂ ဦးထက်မနည်း သေဆုံးပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့မှာ ၎င်းတို့နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် နှင့် ကျန်ရှီးပြည်နယ်တို့တွင် ရက်သတ္တတစ်ပတ်ခန့် မိုးအဆက်မပြတ် ရွာသွန်းခဲ့ကြောင်း တရုတ်အစိုးရ သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ပြောကြား သည်။
ယင်းပြည်နယ် နှစ်ခုအတွင်းရှိ အချို့နေရာများတွင် မိုးရေချိန် မီလီမီတာ ၆၀ဝ ကျော် ရွာသွန်းခဲ့သည်။
မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃ ဦး ပျောက်ဆုံး နေဆဲဖြစ်ပြီး လူနေအိမ် အလုံး ၄၅၀ဝ ကျော် ပျက်စီးခဲ့ရသည်။
လူ ၂၄၅၀ဝ၀ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ရေဘေးကြောင့် သောင်တင်နေသည့် ပြည်သူ များအား ကယ်ဆယ်ရန် ကြိုးပမ်းနေရသည်။
မိုးရွာသွန်းမှုသည် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိကြောင်း မိုးလေဝသဌာန တာဝန်ရှိသူများက ခန့်မှန်းထားပြီး ယင်းပြည်နယ်အတွင်းရှိ မြစ်ချောင်း အများစုမှာ ရေများလျှံလာဖွယ်ရှိ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြ ရန် အကြံပြုထားသည်။ အင်န်အိတ်ချ်ကေ

No comments:

Post a Comment