မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဒီမိုကရေစီ အမှောင်ဖုံးကာ လုံး၀ဆိတ်သုဉ်းသွားသည့်နိုင်ငံအဖြစ်မှ
ဒီမိုကရေစီအလင်းရောင် စတင်ဖြန့်ကြက်လာသည့် နိုင်ငံအဖြစ်သို့
ကူးပြောင်းလာခါစ မြန်မာနိုင်ငံသည် တွန်းတိုက်မှုများ ၊
စိန်ခေါ်မှုများနှင့် အမွေဆိုးများကို ဖြေရှင်းနေရမှုများ
စသည့်များစွာသော ပြဿနာတို့ ကြားမှာ ခေါင်းမဖော်နိုင်အောင် ရှိနေဆဲ
ဖြစ်ပါသည်။
လှူအခွင့်အရေးနှင့် ဒီမိုကရေစီရရေးအတွက် အရင်းအနှီးပေါင်း များစွာကို ပေးဆပ်ခဲ့ရသော ပြည်သူလူထု၏ ဘ၀များမှာလည်း ယနေ့ထက်တိုင် လက်ငင်းလိုအပ်ချက်များစွာဖြင့် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။
ယနေ့ကာလ ဒီမိုကရေစီ အတော်အသင့် ပေါ်ပေါက်လာခဲ့ပြီး ပြည်သူတို့၏ လက်ငင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရသည့် အချိန် တွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများက ပုံစံပြောင်းလဲသွားခဲ့သည်ကို သတိပြု မိပါသည်။ လှူအခွင့်အရေး၊ ဒီမိုကရေစီရေးက လိုအပ်မြဲ လိုအပ်ဆဲဖြစ် နေသော်လည်း လူထု၏ နေ့စဉ်ဘ၀ ရုန်းကန်နေကြရသော စားဝတ်နေမှု အရေးအရာများက ကြီးမားကြမ်းတမ်းလှသော ဝန်ထုပ်ဝန်ပိုးများအဖြစ် နေ့စဉ်စိန်ခေါ်နေသည်။
အခြားတစ်ဖက်တွင် ပြည်သူတို့၏ နေ့စဉ်ဘ၀ပြဿနာများနှင့် အပြိုင် ဖြေရှင်းရန် အရေးကြီးနေသည်မှာ ပြည်တွင်းပဋိပက္ခများ ပြေလည်ငြိမ်းချမ်းရေး ဖြစ်သည်။ ဤသည်ကလည်း လွယ်ကူလှသော ပြဿနာ မဟုတ်သည့်အတွက် အချိန်ယူကာ စိတ်ရှည်ရှည်ဖြင့် ရင်ဆိုင် ညှိနှိုင်းသွားရမည့် အနေအထားဖြစ်နေသည်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် (၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ကျင်းပရင်း ဖြစ်နိုင်မည့် နည်းလမ်းစုံဖြင့် ကြိုးစားနေရသည့် ကာလဟု လည်း နားလည်ရပါသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိနိုင်ရေး၊ သုံးရေ သောက်ရေ ပြည့်စုံအောင် ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး၊ နိုင်ငံအဝန်းမှာ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်နိုင်ရေး စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်နေရပါသည်။
ဖြေရှင်းရမည့် ကိစ္စရပ်တိုင်းသည် ပုံမှန်တိုးတက်ဖြစ်ထွန်းရေး လမ်းကြောင်းတွင် လုပ်ဆောင်သွားရသကဲ့သို့ မဟုတ်ဘဲ ပျက်စီးယိုယွင်း နေသည့် စနစ်များကိုပါ တစ်ပြိုင်နက်တည်းလိုလို ပြင်ဆင်ရ၊ နည်းလမ်း သစ်ရှာရ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုပါ ပြင်ဆင်ရေးဆွဲရသည် များထိ ရှိနေပါသည်။
မည်သို့ဆိုစေ၊ အစိုးရတစ်ရပ်အဖြစ် တာဝန်ယူရသည့်အခါ အစိုးရ တစ်ရပ် ထမ်းဆောင်ရမည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေးက ပဓာနကျပါသည်။ ပြည်သူလူထုကလည်း ပြည်သှူအစိုးရအဖြစ် ယုံကြည် သတ်မှတ်ကာ ထောက်ခံနေကြပါသည်။
ယနေ့ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတိုင်း စိန်ခေါ်မှုတိုင်းကို မလွဲမသွေဖြေရှင်းကာ အောင်မြင်သည်ထိ ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု လည်း ယုံကြည်ကြပါသည်။
ပြဿနာများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ စိန်ခေါ်မှုများ မည်သို့ ပင် များပြားသည်ဖြစ်စေ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် အခြေခံ အကျဆုံးအင်အားမှာ ပြည်သူလူထုထောက်ခံမှုကို အခြေပြုပြီး အဓိက ကျသည့် လုပ်ငန်းရပ်များပေါ်တွင် အာရုံစိုက်ကာ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ရေးဖြစ်ပါသည်။
ခေတ်ပြောင်းစနစ်ပြောင်းဖြင့် ပြန်လည်ထူထောင်ရသည့်အခါ ပြဿနာများအားလုံးကို ပြီးပြည့်စုံသည်ထိ လုံး၀အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြည်သူတို့က လက်တွေ့ ဘ၀နှင့် အကွာကြီး ကွာသော မြင့်မားလွန်းလှသည့် မျှော်လင့်ချက်မျိုးအထိ ရည်ရွယ်မထား ကြပါ ။ ပြည်သူတို့၏ နေ့စဉ်ဘ၀ လုံခြုံစွာ လူချင်းတူတူ၊ သူချင်းမျှမျှ တန်းတူအခွင့်အရေးရရှိသည့် ဥပဒေစိုးမိုးသော ဝန်းကျင်အာဝါသတစ်ခု အောက်တွင် သက်မွေးကျောင်းနေနိုင်ရန်အတွက် ထိရောက်သည့် ကိုင်တွယ်ဆောင်ရွက် အကောင်အထည်ဖော်မှုများကို မြင်တွေ့ကြရလိမ့် မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment