Tuesday, June 11, 2019

စီးပွားရေးလုပ်ငန်းများအကြား လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်ရေးသည်စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Image may contain: one or more people
နေပြည်တော် ဇွန် ၁၀
စီးပွားရေး လုပ်ငန်းများအကြား လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သည် စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးကြီးကြောင်း၊ လွတ်လပ် မျှတသည့် ယှဉ်ပြိုင်မှုပတ်ဝန်းကျင် ကောင်းတစ်ခု ဖန်တီးပေးရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားကို နေပြည် တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ မြန်မာ နိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေး လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်မှု ဥပဒေကို လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေ နိုင်သည့် အခြေအနေမျိုးမဖြစ်အောင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ပြည်သူလူထုက ယုံကြည် အားကိုးနိုင်သည့်၊ တောင့် တင်းခိုင်မာသည့်၊ စွမ်းဆောင် ရည်မြင့်သည့် ကော်မရှင်မျိုးဖြစ် အောင် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ် ပါကြောင်း၊ ကော်မရှင်အနေ ဖြင့် ချမှတ်ထားသည့် ဥပဒေများကို ထိထိရောက်ရောက် အကောင် အထည်ဖော်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဥပဒေဖောက်ဖျက် မှုများကို ဖော်ထုတ်အရေးယူသွား မည်ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
မိတ်ဆက်ရှင်းလင်း
ထို့နောက် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် အတွင်းရေးမှူး ကုန်သွယ် ရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဖွဲ့စည်းမှုနှင့် ကော်မရှင် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကိုယ်ရေး အကျဉ်းကို မိတ်ဆက်ပေးပြီး ကော်မရှင်အဖွဲ့ဝင်များက "စီးပွားရေး လုပ်ငန်းနှင့် ယှဉ်ပြိုင်မှုဥပဒေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "မြန်မာ နိုင်ငံ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ"ခေါင်းစဉ်ဖြင့် လည်းကောင်း မိတ်ဆက်ရှင်းလင်းကြ သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင် ရာကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက မေးမြန်းသည့် ယှဉ်ပြိုင်မှုဥပဒေပါ အကြောင်းအရာ များ၊ လုပ်ထုံးလုပ်နည်းများကို ကော်မရှင်အဖွဲ့ဝင်များက ပြန်လည် ဖြေကြားကြသည်။
မျှမျှတတ လုပ်ကိုင်ဆောင်ရွက်
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင် မျှမျှတတလုပ်ကိုင် ဆောင်ရွက်တတ်ရန်၊ စီးပွားရေးအရ အနိုင်ကျင့်ခံရသည့် အခြေအနေတွင် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်နိုင် သည်၊ ယှဉ်ပြိုင်မှုကော်မရှင်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်၊ အကြံÓဏ်များရယူနိုင်သည်ကို ပိုမို သိရှိနိုင်ရန်ရည်ရွယ်၍ ကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပ ခြင်းဖြစ်သည်။
ခိုင်မာအားကောင်း
ကော်မရှင်အနေဖြင့် ကော်မရှင် အဖွဲ့ဝင်များအပါအဝင် ယှဉ်ပြိုင်မှု ကော်မရှင်ရုံးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အများ ပြည်သူအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးခြင်း၊ တိုင်ကြားမှုများ လက်ခံဆောင်ရွက်ခြင်း၊ ဥပဒေ အကောင်အထည်ဖော်မှု ခိုင်မာ အားကောင်းစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်း၊ လိုအပ်သည့် အမိန့်၊ ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းများ ပြင်ဆင်ထုတ် ပြန်ခြင်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် အခမ်းအနား သို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းနှင့် ကော်မ ရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာ များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment