ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေးညှိနှိုင်းစည်းဝေး

နေပြည်တော် ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကျောင်းအခြေပြုစွမ်းဆောင် ရည်မြှင့်တင်မှုဆိုင်ရာလမ်းòန်ချက်(မူကြမ်း)အတည်ပြု နိုင်ရေး ညှိနှိုင်းအစည်းအဝေးအကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
ကျောင်းပေါင်း ၆၆ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ (TVET) ပညာရေးကို ပထမတန်းစားပညာရေးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာ ဆိုင်ရာ (TVET) ကဏ္ဍများကို အရှိန်အဟုန်မြှင့်တိုးချဲ့ ဆောင်ရွက်လျက်ရှိသလို အရည်အသွေးမြင့်မားရေးကို လည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ သက်မွေးပညာကျောင်း ခြောက်ကျောင်း အပါအဝင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းပေါင်း ၆၆ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဆရာ ဆရာမ ဦးရေ ၃၃၃၁ ဦး ရှိနေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ဥရောပသမဂ္ဂ(EU)၏ ထောက်ပံ့မှုဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အòန်းကိန်း ၁၀ ခုအနက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် ပြုပြင်ပြောင်းလဲမှုအòန်းကိန်း လေးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အòန်း ကိန်း လေးခုအနက် သက်ဆိုင်ရာကျောင်းများတွင် ဖွင့်လှစ် ဆောင်ရွက်သွားမည့် ကျောင်းအခြေပြုစွမ်းဆောင်ရည် မြှင့်တင်မှုဗဟိုဌာနများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု ဆိုင်ရာလမ်းòန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ MSME လုပ်ငန်းများနှင့် ပြည်တွင်း၊ ပြည်ပ စက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင် နိုင်သည့် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ရေး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံနှင့် ပြင်ပအဖွဲ့အစည်းများ ပူးပေါင်း၍ အလုပ်အကိုင်များရရှိအောင် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ စံချိန်စံòန်းများ နှင့်ကိုက်ညီသည့် သင်ရိုးòန်းတမ်းများ ပြုပြင်ပြောင်းလဲ နိုင်ရေးနှင့် နှစ်အလိုက်လိုအပ်သည့် ဘဏ္ဍာငွေလျာထား မှုများအား စနစ်တကျတင်ပြ၍ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ မည့် ကျွမ်းကျင်မှုအခြေပြုကာလတို သင်တန်းများကို လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြ
ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျဖြစ်စေရေး အလေးထားဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေးအား ဇွန် ၁၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိ်ုင်ငံစာစစ်ဦးစီးဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ပေးနေမှုများ ကို သွားရောက်လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် အမှတ်စာရင်းထုတ်ယူသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကား ပြောကြားသည်။ (ဝဲပုံ)
mobile အဖွဲ့များ
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ကို ဇွန် ၁၀ ရက်မှစတင်ကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင်လည်းကောင်း၊ ရန်ကုန်မြို့ အမှတ်(၁၂) ရပ်ကွက် လှိုင်မြို့နယ် အခြေခံပညာကျောင်းသုံးစာအုပ် သိုလှောင်ရုံဝင်းအတွင်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ တွင်လည်းကောင်း တစ်ပြိုင်နက်တည်း စတင်ထုတ်ဝေပေး လျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ယူ ရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပေးရေး mobile အဖွဲ့များသည် မန္တလေးမြို့ အထက(၁၄)၊ ရမည်းသင်းမြို့ အထက(၁)၊ တောင်ငူမြို့ အထက(၁)၊ ပဲခူးမြို့ အထက(၁)၊ သာယာဝတီမြို့ အထက (၁)၊ ပုသိမ်မြို့ အထက(၁)၊ ဟင်္သတမြို့ အထက(၁) ကျောင်းများတွင် တစ်ပြိုင်နက် တည်း ထုတ်ဝေပေးလျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆက်လက်ထွက်ခွာ၍ အမှတ်စာရင်း များကို တစ်စောင်လျှင် ကျပ် ၄၀ဝ နှုန်းဖြင့် ထုတ်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment