Tuesday, June 11, 2019


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ အစီအစဉ်ရေးဆွဲရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ အစီအစဉ်ရေးဆွဲရေးဆိုင်ရာ ( Electoral Planning ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပ
သည်။(၅)ကြိမ်မြောက် သင်တန်းဖြစ်
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ဖွင့်လှစ်သည့် သင်တန်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သော ကော်မရှင်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် (၅)ကြိမ်မြောက် သင်တန်းဖြစ်ပါကြောင်း၊ ယခင်သင် တန်း လေးကြိမ်ကို အိန္ဒိယနိုင်ငံတွင် နှစ်ကြိမ်နှင့် မြန်မာနိုင်ငံတွင် နှစ်ကြိမ် ပို့ချခဲ့ကြောင်း၊ သင်တန်းသား
အရေအတွက်အားဖြင့် ၁၀ဝ ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းအရ ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလများတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲအစီအစဉ် ရေးဆွဲရေးဆိုင်ရာသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ရန် အတွက် စီမံကိန်းရေးဆွဲခြင်းနည်းလမ်းများဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် အလေးအနက်ထား သင်ယူလေ့လာကြစေလို ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီမံကိန်းရေးဆွဲခြင်းနည်းလမ်းများမှ အားသာချက်များ ကို လေ့လာ၍ မိမိတို့ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပေါင်းစပ်အသုံးချ နိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
တွေ့ကြုံရမည့်အခက်အခဲများကို ရှာဖွေဖော်ထုတ်
ယင်းနောက် Dr. Noor Mohammad က ရွေးကောက်ပွဲအစီအစဉ် ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းစဉ်သည် အရေးကြီး ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ တွေ့ကြုံရမည့်အခက်အခဲများကို ရှာဖွေဖော်ထုတ်ပြီး မြန်မာနိုင်ငံနှင့် ဆီလျော် သည့် အစီအစဉ်များ ရေးဆွဲနိုင်ရန်လိုကြောင်း၊ အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နည်းပညာအသုံးပြုမှု သင်တန်းများကိုလည်း ဆက်လက် ပို့ချမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ India International Institute of Democracy and H Election Management (IIIDEM) သင်တန်းကျောင်းမှ Senior Consultant, Dr. Noor Mohammad နှင့် နည်းပြဆရာများ၊ ကော်မရှင်ရုံး မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment