ပိန်မသာလိမ်မသာ နိုင်ငံရေးချိန်ခွင်လျှာ

ကိုရင်သြ
ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပွဲခေါင်းဆောင် ပရာယွတ် ချန်အိုချာအား ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရန် လွှတ်တော်က ဇွန် ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကျွန်ုပ်တို့၏ အိမ်နီးချင်းထိုင်း(ဝါ)'မောင်းထိုင်း'(ဝါ) 'ပရာသက် ထိုင်း' နိုင်ငံ၏ နိုင်ငံရေးဖြစ်တည်မှုကို ရှာဖွေစေ့ငုမိလေ၏။
လွန်ခဲ့သည့် ဆယ်စုနှစ် ကိုးစုခန့်မှစ၍ စည်းမျဉ်းခံဘုရင်စနစ်ကို စတင် ကျင့်သုံးလာခဲ့ချိန်နောက်ပိုင်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးလောကကို လွှမ်းမိုးလာခဲ့ သည့် တပ်မတော်က ပိုနေမြဲ ကျားနေမြဲ ဆက်လက်စိုးမိုးနေဦးမည့် သဘော တရားကို ဖော်ကျူးနေ၏။
မတ်လကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်က ထောက်ခံသော 'ဖလန်းပရာချာရတ်ပါတီ'က အောက်လွှတ်တော်တွင် အမတ်နေရာများကို ဒုတိယအများဆုံး ရှိခဲ့သည်။ သို့ရာတွင် အမတ်နေရာ ၅၀ဝ ရှိ အောက်လွှတ်တော်နှင့် အမတ်နေရာ ၂၅၀ ရှိ အထက်လွှတ်တော်တို့က ဝန်ကြီးချုပ်ရာထူးနေရာအတွက် ပူးတွဲရွေးချယ်ခြင်းကြောင့် ပရာယွတ်မှာ အများက ထင်မှတ်ခဲ့ကြသည့်အတိုင်း ဖြောင့်ဖြောင့်တန်းတန်းပင် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ အထက်လွှတ်တော်အမတ်နေရာများကို ပရာယွတ် ဦးဆောင်သည့် စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ရာထူးနေရာအတွက် အသက် ၆၅ နှစ်အရွယ်ရှိ ပရာယွတ်နှင့် သူ၏ပြိုင်ဘက် ''အနာဂတ်ရှေ့သို့ပါတီ'(ဝါ) Future Forward Party ခေါင်းဆောင် အသက် ၄၀ အရွယ်ရှိ တာနာထုံ ဂျွန်ရွန်ရန်ကစ်တို့ ယှဉ်ပြိုင် ခဲ့ကြရာတွင် ပရာယွတ်က ထောက်ခံမဲ ၅၀ဝ၊ တာနာထုံက ထောက်ခံမဲ ၂၄၄ မဲ အသီးသီးရရှိခဲ့ကြသည်။
ကြည်းတပ်ဦးစီးချုပ်ဟောင်း ပရာယွတ်အား တပ်မတော်ကျောထောက် နောက်ခံပြု ဖလန်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ခဲ့သည်။ ဖလန်းပါတီသည် အောက်လွှတ်တော်၌ အမတ်နေရာ ၁၁၆ နေရာ ရရှိထားသည်။ အလားတူပင် ပါတီငယ်များအား ကိုယ်စားပြုသော အမတ် များက ပရာယွတ်အား ထောက်ခံခဲ့ကြသည်။ ပရာယွတ်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်းက အတည်ပြုပေးသည့်အခါ တရားဝင် အာဏာအပ်နှင်းမှုရှိလာမည်ဖြစ်သည်။
"လွတ်လပ်မှုကို ပြည်သူတွေတောင်းဆိုနေကြဆဲပါ။ တရားမျှတမှုကို လည်း ပြည်သူတွေတောင်းဆိုနေကြဆဲပါ"ဟု မဲပေးပွဲအပြီးတွင် တာနာထုံက မချိတင်ကဲ ပြောကြားသည်။
ပရာယွတ်ကမူ မဲပေးပွဲအပြီး ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်း မရှိ ခဲ့ပေ။
ဝေဖန်သံများ
ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံရေးလောကအတွင်း ဝေဖန်မှုများ မြင့်တက်ခဲ့သည်မှာကား အမှန်ပင်ဖြစ်၏။
ပရာယွတ် ဦးဆောင်ခဲ့သည့် စစ်ကောင်စီလက်ထက် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီမျှ ပါဝင်ယှဉ်ပြိုင်ကြရသော ရွေးကောက်ပွဲဖြစ်ပါမည်လောဟု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရကာ ရွေးကောက် ပွဲအပြီး ဖလန်းပါတီ အားသာချက်ရှိစေရေးအတွက် ဥပဒေ စည်းမျဉ်းများကို ကိုယ်လိုရာဆွဲ အသုံးပြုခဲ့ကြသည်ဟု ဝေဖန်မှုများ ပေါ်ထွက် ခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များမှာ ပွေ့ထိုင်းပါတီ ခေါင်းထောင် ထခြင်းမရှိနိုင်အောင် ထိန်းချုပ်ကန့် သတ်ထားသည်ဟု ဝေဖန်မှုများ ပေါ်ထွက်ခဲ့၏။ ပွေ့ထိုင်းပါတီမှာ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပွဲနှင့်အတူ အာဏာရ အစိုးရအဖြစ်မှ ဖြုတ်ချခံခဲ့ရသော ပါတီဖြစ်ကာ မတ်လရွေးကောက်ပွဲတွင် အောက်လွှတ်တော်၏ အမတ်နေရာအများစုကို ရရှိခဲ့၏။
ပွေ့ထိုင်းပါတီမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနှင့် ပုလင်းတူဘူးဆို့ဖြစ်ခဲ့သည်။ ၂၀ဝ၆ စစ်အာဏာသိမ်းပွဲတွင် သက်ဆင်မှာ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးလျှင် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုအရ ထောင်နန်း စံရမှုမှ ရှောင်လွှဲနိုင်ရန် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကာ နေထိုင်လျက် ရှိ၏။
ပေါ်ပြူလစ်မူဝါဒ
အခြေခံလူတန်းစား၏ အကျိုးစီးပွားများကို သယ်ပိုးပေးရေး(ဝါ) ပေါ်ပြူလစ်မူဝါဒများကြောင့် သက်ဆင်မှာ သာမန်ပြည်သူတို့၏ ထောက်ခံမှု ကို ရရှိခဲ့ပြီး တပ်မတော်အပါအဝင် အစဉ်အလာအရ နိုင်ငံရေးသြဇာ လွှမ်းမိုး နိုင်ခဲ့သူများကို ခြိမ်းခြောက်ခဲ့သည်။
သက်ဆင်၏နှမ ယင်လပ်ရှင်နာဝါထရာမှာ ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ် ရာထူးကို ရယူနိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် သူ၏ ပွေ့ထိုင်းပါတီ ဦးဆောင်သောအစိုးရအဖွဲ့မှာ ဖြုတ်ချခံခဲ့ရသည်။
ဇွန် ၅ ရက် ဝန်ကြီးချုပ် ရွေးချယ်ပွဲသည် ပရာယွတ်၏ ညွန့်ပေါင်းအဖွဲ့က အောက်လွှတ်တော်ကို နှာတစ်ဖျားအသာဖြင့် ထိန်းချုပ်ထားနိုင်ပုံကို လှစ်ဟလျက်ရှိသည်။ အောက်လွှတ်တော်ကို ညွန့်ပေါင်းအဖွဲ့က သာသာထိုးထိုး ထိန်းချုပ်ထားနိုင်ခြင်းဖြင့် ဥပဒေမူကြမ်းများကို အတည်ပြုခြင်း၊ ရသုံးမှန်းခြေ ငွေစာရင်း(ဝါ) ဘတ်ဂျက်အသုံးစရိတ်များအတွက် ထောက်ခံခြင်းတို့ ပြုလုပ်ရာ တွင် အပိတ်အပင် အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပေလိမ့်မည်။
ပရာယွတ်သည် ဝန်ကြီးချုပ်အဖြစ် အာဏာရရှိလာသည့်တိုင်အောင် ညွန့်ပေါင်းအဖွဲ့ကို စီမံခန့်ခွဲရာ တွင်လည်းကောင်း၊ အတန်ပင်အားကောင်းသော အတိုက်အခံတို့ လွှတ်တော်တွင် ရပ်တည်နေခြင်း ကြောင့်လည်းကောင်း တပ်မတော်အစိုးရလက်ထက် အုပ်ချုပ်ပုံမျိုးမှ ကွဲပြားခြားနားစွာ လုပ်ကိုင်ရ လိမ့်မည်ဟု စင်ကာပူနိုင်ငံရှိ အိုင်အက်စ်အီးအေအက်စ်-ယူဆွတ်အီရှက်သိပ္ပံ၏ ထိုင်းလေ့လာရေးအစီအစဉ် ညှိနှိုင်းရေးမှူး မိုက်ကယ် မွန်တီဆာနိုက သုံးသပ် သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့သစ်သည် လအနည်းငယ်အတွင်းမှာပင် တည်တည် ငြိမ်ငြိမ်မရှိသည့်အနေအထားအရ ယိမ်းယိုင်သွားမည်ဆိုလျှင် နောက်ထပ် စစ်အာဏာသိမ်းပွဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိမှုအတွက် ပြည်သူများအတွင်း စိုးရိမ် ပူပန်နေကြသည်ဟု သူက ဆိုသည်။
ဆွေးနွေးငြင်းခုံ
လွှတ်တော်တွင် ဝန်ကြီးချုပ်သစ်ရွေးချယ်ရေး မဲပေးခြင်းမရှိမီ ကိုယ်စင်တင် သည့် ဝန်ကြီးချုပ်လောင်း များနှင့်ပတ်သက်၍ နှစ်ဖက်အမတ်များ အချေ အတင် ဆွေးနွေးငြင်းခုံခဲ့ကြရာ ညနှောင်းပိုင်းရောက်ချိန်ကျမှ မဲပေးပွဲကို စတင် နိုင်ခဲ့ပြီး တရားဝင်မဲစာရင်းရလဒ်ကို ညသန်းခေါင်ယံရောက်လုပါမှ ထုတ်ပြန် ကြေညာနိုင်ခဲ့လေသည်။
လွှတ်တော်အချေအတင် ဆွေးနွေးပွဲအတွင်း ဖလန်းပါတီမှ အမတ်တစ်ဦး ဖြစ်သူ နွမ်စုကွန်ရတနာက ပရာယွတ်၏ ကိုယ်ကျင့်သိက္ခာနှင့် သူ၏တွေးခေါ် မြော်မြင်မှုတို့နှင့်ပတ်သက်၍ ချီးကျူးထောမနာပြု၏။
"ပရာယွတ်က စိတ်ရှည်တယ်၊ နိုင်ငံအတွက် အလုပ်လုပ်ဖို့ သန္နိဋ္ဌာန်ချမှတ် ထားသူဖြစ်တယ်။ နိုင်ငံမှာ မျှော်လင့်ချက်ပျောက်ဆုံးနေချိန် နိုင်ငံကို သူကယ် တင်ပေးခဲ့ပါတယ်"ဟု ရတနာက ဆိုသည်။
သို့တစေ တာနာထုံအား ထောက်ခံသူများက ပရာယွတ်အား ဝေဖန် တိုက်ခိုက်သည်။ ဒီမိုကရေစီစနစ် ထွန်းကားရေး၏ အဖျက်အမှောင့်များမှာ စစ်အာဏာသိမ်းပွဲများသာဖြစ်ကြောင်း တာနာထုံ၏ 'အနာဂတ်ရှေ့သို့'ပါတီ အထွေထွေအတွင်းရေးမှူး ဆန်ကန်နိုကူးက ခပ်ပြင်းပြင်းဝေဖန်သည်။
တပ်မတော်အုပ်စိုးမှု ငါးနှစ်တာ လွန်မြောက်ခဲ့ပြီးချိန်တွင် လွှတ်တော် အတွင်း အာဏာရပါတီနှင့် အတိုက်အခံပါတီတို့အကြား တစ်ဖက်နှင့်တစ်ဖက် ရင်ပေါင်တန်းကာ အချေအတင် ဆွေးနွေးငြင်းခုံလာနိုင်ခြင်းကို ဒီမိုကရေစီ စနစ်၏ ပြယုဂ်အဖြစ် ထိုင်းပြည်သူတို့ ပြန်လည်တွေ့မြင်ခွင့်ရရှိလာကြခြင်းဟု ဆိုနိုင်ပေလိမ့်မည်။
နိုင်ငံရေးမျက်နှာသစ်တစ်ဦးဖြစ်သူ တာနာထုံကို နိုင်ငံရေးပါတီ ခုနစ်ပါတီက ထောက်ခံကြပြီး တာနာထုံကို မဲပေးထောက်ခံကြသူများတွင် သူ၏ပါတီမှ အမတ်များနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် နီးစပ်သော 'ဖုယာထိုင်းပါတီ'နှင့် အခြားပါတီ ငါးပါတီတို့ ပါဝင်ကြသည်။
လောလောဆယ်တွင် တာနာထုံမှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု အရ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ကြားနာစစ်ဆေးမှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သဖြင့် သူ၏အမတ်နေရာကို ဆိုင်းငံ့ထားသည်။
မကျေနပ်ချက်များ
ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်သောစနစ်ဖြင့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့ပြီဖြစ်သော်လည်း အတိုက်အခံ လှုပ်ရှားသူများက သူတို့၏ မကျေနပ်ချက်များကို လူမှုကွန်ရက် မီဒီယာအပေါ် လွှင့်တင်နေကြဆဲဖြစ်၏။
ငွေကြေးများစွာသုံးစွဲပြီး ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရွေးကောက်ပွဲ လုပ်သည့်တိုင်အောင် နောက်ဆုံးတွင် ပရာယွတ်သာ ဆက်လက်အုပ်ချုပ်ခွင့် ရရှိကြောင်း လူမှုကွန်ရက်လွှင့်တင်ချက်တစ်ရပ်က ဖော်ကျူးသည်။
ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ တစ်ပါတီတည်းက အမတ်နေရာအများစုကို မရရှိခြင်းကြောင့် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းလာ ရခြင်းဖြစ်သည်။
ပရာယွတ်အား မဲပေးခဲ့ကြသူများကို လေ့လာကြည့်ပါက တပ်မတော် အစိုးရကို အမြဲဝေဖန်ခဲ့သော ဝါရင့် 'ဒီမိုကရက်ပါတီ}လည်း ပါဝင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရသည်။
ထို့အပြင် ပါတီငယ်အများစုဖြစ်သော ပါတီ ၁၈ ပါတီမှာလည်း ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်လာသဖြင့် ၁၉ ပါတီ ညွန့်ပေါင်းအစိုးရ ဖြစ်လာပေမည်။
အတိုက်အခံအင်အားစုနှင့် အာဏာရညွန့်ပေါင်းအဖွဲ့အကြား အင်အား ကွာဟချက်မှာ အတန်ပင်နည်းပါးလှပေရာ ဝန်ကြီးချုပ်သစ် ပရာယွတ် အနေဖြင့် လာမည့်လေးနှစ်တာကာလတွင် အစိုးရအဖွဲ့၏ မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိလာနိုင်ပုံကို တွေးတော မိရင်း "ပိန်မသာလိမ်မသာ နိုင်ငံရေးချိန်ခွင်လျှာ"ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။ ။
Ref: Thai parliament votes for coup leader to stay on as PM ( Washington post )

No comments:
Post a Comment