သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင်
အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေး

နေပြည်တော် ဇွန် ၈
သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို သဘာဝ ဘေးအ္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တပ်မတော်နှင့်ညှိနှိုင်းမှု၊ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန် ၇ ရက်မှ ၈ ရက်အထိ ကျင်းပသည်။
တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်UNOCHA တို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါအခမ်းအနားသို့ အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခုကျင်းပသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် တစ်ချိန်တည်း မှာပင် ဇွန် ၇ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၁၉)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမကြီးတွင် လုပ်ငန်းကော်မတီ များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအားဖိတ်ကြား၍ ကျင်းပခဲ့ပါ ကြောင်း၊ အဆိုပါအစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ လမ်းညွှန် မှာကြားချက်နှင့်အညီ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာ နတစ်ခုတည်း ဆောင်ရွက်၍မရနိုင်ဘဲ တပ်မတော်၏ ထိရောက်သည့် ပူးပေါင်းပါဝင်မှုနှင့်အတူ ဝန်ကြီးဌာန များအားလုံး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၊ ပြည်သူများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်းများစသည့် ပါဝင်ဆက်နွှယ်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထိရောက်ကောင်းမွန်နိုင်စေရေးအတွက် အပြည်ပြည် ဆိုင်ရာ ဒေသတွင်း မှာလက်ခံကျင့်သုံးနေသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံ၊ လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းစဉ်းစားပြီး မိမိတို့နိုင်ငံ၏ အနေအထားနှင့် လိုက်လျောညီထွေစွာ အကောင်ထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များကို အခြေခံကာ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်နှင့် စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သင့်သည်များအား ဆက်လက်ညှိနှိုင်းကြိုးစား သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်အကောင်အထည်ဖော်
ယခုကဲ့သို့ နှစ်ရက်တာကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတွင်း သဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းများ၊ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ သဘာဝဘေးအ္တရာယ် တုံ့ပြန်မှု၌ တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အောင်မြင်မှုများနှင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည်များ၊ အာဆီယံ ဒေသတွင်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်တုံ့ပြန်ရာ၌ တပ်မတော်မှကိုယ်စား လှယ်များစေ လွှတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား လက်တွေ့ဆောင်ရွက်မှုများနှင့်အတူ လိုအပ် သည်များ ဆွေးနွေး ဖော်ထုတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အပြုသဘော ဆောင်သည့် ဆွေးနွေးအကြံပြုချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment