ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၆)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ တက်ရောက်
ဆီရမ်ရိ (ပ်) ဇွန် ၁၂
က္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ (ပ်)မြို့၌ ဇွန် ၁၂ ရက်မှ ဇွန် ၁၄ ရက်အထိ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (16th Asia Media Summit) ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ က္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆန်က အဖွင့် အမှာစကား ပြောကြားသည်။
တက်ရောက်ဆွေးနွေး
ဆက်လက်၍ ထိပ်သီးညီလာခံ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို " How we can adapt to Digital Revolution"ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ က္ဘောဒီး ယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Dr. Kheiu Kanharith၊ ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Mr. Jose Ruperto Martin M. Andanar၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Dr. Hasan Mahmud ၊ ကိုရီးယား သမ္မတနိုင်ငံ ဆက်သွယ်ရေးဒုတိယဝန်ကြီး Dr. Sam Seog Ko နှင့် ဆာမို အာကျွန်းနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယ ဝန်ကြီး Mr. Lealailepule Rimoni Aiafiတို့က ဦးဆောင်ဆွေးနွေးသူ များအဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ (အောက်ပုံ)
မွန်းလွဲပိုင်းတွင် ဝန်ကြီးအဆင့်အစည်းအဝေး (Ministerial Sideline Meeting) ကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် AIBD မှ တာဝန်ရှိသူများက သတင်းတု (Fake News)တိုက်ဖျက်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ကိုယ်စားလှယ်ပေါင်း ၆၀ဝ ခန့် တက်ရောက်
(၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံအစည်းအဝေးအား အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) နှင့် က္ဘောဒီးယားနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနတို့က ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ်ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ သတင်းအချက်အလက်နှင့် မီဒီယာ ဆိုင်ရာအကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ၊ (AIBD) ဥက္ကဋ္ဌ Mr.Fayyaz Shehrya၊ မီဒီယာကျွမ်းကျင်သူများ၊ မူဝါဒချမှတ်
သူများနှင့် စိတ်ပါဝင်စားသူကိုယ်စားလှယ်ပေါင်း ၆၀ဝ ခန့် တက်ရောက်ကြ သည်။
ပူးပေါင်းဆောင်ရွက်
အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) ကို UNESCO ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ၌ ၁၉၇၇ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဒေသတွင်း တင်းပြည့်အဖွဲ့ဝင် ၂၆ ဖွဲ့ နှင့် အာရှ၊ ပစိဖိတ်၊ ဥရောပ၊ အာဖရိက ၊ အာရပ်နှင့် မြောက်အမေရိက စသည့် ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
တင်းပြည့်အဖွဲ့ဝင်
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD) သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၉-၇-၁၉၉၇ ရက်တွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment