Thursday, June 13, 2019

ပအိုဝ်းလူမျိုးဆိုင်ရာ သမိုင်းစာအုပ်များ လှူဒါန်း
Image may contain: 4 people, people standing, people sitting, table and indoor
နေပြည်တော် ဇွန် ၁၂
မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်၏ အကူအညီဖြင့် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ စုဆောင်းရရှိထားသော ပအိုဝ်း သမိုင်းဆိုင်ရာ ပေမူနှင့် စာအုပ်စာတမ်း ၄၆ အုပ်ကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်းခဲ့သည်။ (ဝဲပုံ)
အမျိုးသားစာကြည့်တိုက်သည် "မြန်မာနိုင်ငံ၏အမျိုးသားစာပေစု အမွေအနှစ်ဗဟိုဌာန ဖြစ်လာစေရန်" ရည်ရွယ်၍ နိုင်ငံအတွင်း ထုတ်ဝေသမျှ စာပေပစ္စည်းများ အပြည့်စုံဆုံးဖြစ်အောင် စုဆောင်းလျက်ရှိရာတွင် မြန်မာနိုင်ငံ အတွင်း အတူတကွနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များ၏ စာပေများ ကိုပါ စုဆောင်းလျက်ရှိသည်။
စုဆောင်းရရှိထားသော စာပေပစ္စည်းများကို ရေရှည်တည်တံ့နေစေရန် စနစ်တကျ ထိန်းသိမ်း၍ သုတေသီများ၊ ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူများ လေ့လာဖတ်ရှုရည်òန်းကိုးကားနိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိသော စာကြည့်တိုက်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ထုတ်ဝေသောစာအုပ်စာတမ်း၊ စာနယ်ဇင်းများကို စုဆောင်းထားခြင်းဖြင့် ယင်းစာအုပ် စာတမ်းစာနယ်ဇင်းများ သည် ခေတ်အဆက်ဆက်တည်တံ့နေစေခြင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာလိုသူ၊ သုတေသနပြုလိုသူများအတွက် ရည်òန်းကိုးကားနိုင်ရန် အထောက်အကူပြု နိုင်မည် ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်သို့ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ထုတ်ဝေသော စာအုပ်စာတမ်း စာနယ်ဇင်းများ(Printed ဖြစ်စေ Soft Copyဖြစ်စေ) လှူဒါန်းလိုပါက အမှတ် (၈၅၊ က) သီရိမင်္ဂလာရိပ်သာလမ်းသွယ် က္ဘာအေးဘုရားလမ်း ရန်ကင်း မြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၆၆၂၄၇၀၊ ဝ၁-၆၆၃၉၀၂၊ ဝ၉-၂၅၄၃၇၄၆၉၄ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment