Thursday, June 13, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Assistant Minister အား လက်ခံတွေ့ဆုံ
Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇွန် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တရုတ်ပြည်သှူသမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Assistant Minister, Mr. Li Chenggang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ (ယာပုံ)
ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်ရန် သာမက ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ သတင်းစဉ်

No comments:

Post a Comment