Wednesday, June 12, 2019


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အိန္ဒိယသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 9 people, people smiling, people standing, wedding and suit
နေပြည်တော် ဇွန် ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်နေမှု၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ရွေးကောက်ပွဲ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် IT နည်းပညာအသုံးပြုနိုင်ရေး အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အ¸ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment